ကားအတိုက်ခံရပြီး ခြေထောက်ကျိုးနေလို့ ဆေးမကုနိုင်တဲ့ အသိကို ငွေကျပ်(၁)သိန်း လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း






Read in UNICODE

အချစ်ဟာလိုက်လို့ ပြေးတာလား.. ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူ ချယ်ရီသင်းကတော့ မနေ့ကညက ချစ်ရတဲ့ပရိသတ်တွေဆီက အကူညီတစ်ခုတောင်းခဲ့ပါတယ်။ အခုလိုချိန်မှာ အားလုံးခက်ခဲနေကြမှာသိပေမယ့်

မိသားစုတစ်ခုရဲ့ဘဝလေး အဆင်ပြေသွားစေလိုတဲ့စိတ်နဲ့ အကူအညီတောင်းခံခဲ့တာပါ။ မနေ့ မတွေ့တာကြာပြီဖြစ်တဲ့ အသိတစ်ယောက်အိမ်ကို အလည်သွားရင်း လှူဖြစ်ခဲ့တဲ့အကြောင်းကို “ချယ့်အသိတစ်ယောက်ကား Accident ဖြစ်လို့ငွေကြေးအခက်ခဲဖြစ်ပြီး

ကုဖို့အဆင်မပြေဘူးဖြစ်နေလို့ ချယ့်အနေနဲ့မတည်ပြီး၁သိန်းကူညီပါမယ်… ဖြစ်စဉ်ကဒီလိုပါကားနဲ့ဆိုင်ကယ်နဲ့တိုက်တာခြေထောက်ကကျိုးသွားပါတယ်…. ဖြစ်ချင်တော့ဆိုင်ကယ်ကလိုင်စင်မရှိတော့ တိုက်တဲ့ကားကလည်း လိုင်စင်မရှိတာကိုမဲပြီး

ပိုက်ဆံမပေးတဲ့အပြင် အော်ပြီးထွက်သွားခဲ့ပါတယ်… ဖြစ်တာက လွန်ခဲ့တဲ့(၂)လလောက်ကပါ ဒီနေ့ချယ်အိမ်အလည်သွားရင်းမှ ကြည့်မိတော့ လူကတရွတ်တိုက်သွားနေရပြီး အခုမကုရင်အကြောတွေသေပြီးကုမရမှာစိုးလို့သူတို့အနေနဲ့လည်းအခုမကုနိုင်လို့ ချယ်ကမတည်ပြီး(၁)သိန်းကူညီမှာပါ… ချယ်လည်းရှိလို့လှူတာတော့မဟုတ်ပါဘူး”

ဆိုပြီးရေးသားခဲ့ပါတယ်။ အခုလိုအချိန်ကတော့ အလုပ်တွေလည်း ရပ်နားထားတာမို့ သူကိုယ်တိုင်လည်း (၁)သိန်းသာ လှူဒါန်းပေးနိုင်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် အချိန်မီဆေးကုလို့ရအောင် ပရိသတ်ကြီးလည်း နိုင်သလောက်လှူဒါန်းပေးကြဖို့ အကူညီတောင်းခံခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. ချယ်ရီသင်းကို ချစ်တဲ့ပရိသတ်ကြီး တစ်တပ်တစ်အား ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။

Source : Cherry Thin’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *