ေထာပတ္ထမင္းေရာင္းတာ မေအာင္ျမင္ခင္ထဲကေန ယေန႔ထိ အားေပးခဲ့တဲ့ ေမခလာကို သြားေရာက္ဂါရဝျပဳခဲ့တဲ့ ညီနႏၵ

သ႐ုပ္ေဆာင္ ညီနႏၵကေတာ့ ငယ္စဥ္ကတည္းကေန အခုခ်ိန္ထိ အႏုပညာေလာကမွာ ေတာက္ပေနဆဲ ျဖစ္ပါတယ္။ အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာေတာ့ ညီနႏၵက အႏုပညာလုပ္ငန္းေတြထက္ သူ႔ရဲ႕ကိုယ္ပိုင္စီးပြားေရးအျဖစ္ ျမန္မာေထာပတ္ထမင္း

လုပ္ငန္းကို ျပဳလုပ္ေနၿပီပဲ ျဖစ္ပါတယ္။ တစ္ေန႔ထက္တစ္ေန႔ ေရာင္းအားေတြတက္လာၿပီး လက္မလည္ေအာင္ေရာင္းေနရတဲ့ ညီနႏၵက ဒီကေန႔မွာေတာ့ သ႐ုပ္ေဆာင္ရန္ေက်ာ္နဲ႔ အဆိုေတာ္ ေမခလာတို႔ ဇနီးေမာင္ႏွံကို သြားေရာက္ဂါရဝျပဳခဲ့ေၾကာင္း အခုလို ေျပာထားပါတယ္။ “ကြၽန္ေတာ္ ေထာပတ္ထမင္းကို

တစ္ေန႔ ပြဲ ၃၀ ေလာက္ပဲေရာင္းရခ်ိန္ကကတည္း စၿပီးအားေပးခဲ့တဲ့ ကိုရန္ေက်ာ္ နဲ႔ ခ်စ္ငယ္။ ဒီေန႔ ပြဲ ၃၀၀ ေက်ာ္ ေရာင္းရခ်ိန္အထိ အားေပးေနတာမို႔ ကြၽန္ေတာ္ကိုယ္တိုင္ သြားပို႔ၿပီး ဂါရဝျပဳခဲ့ပါတယ္…🙏🙏🙏 ကိုရန္ေက်ာ္ နဲ႔ ခ်စ္ငယ္ ေကာင္းက်ိဳးလိုအင္ဆႏၵေတြျပည့္စုံပါေစ ခင္ဗ်ာ…🙏🙏🙏” ဆိုၿပီး ရန္ေက်ာ္နဲ႔ ေမခလာတို႔အတြက္

သူကိုယ္တိုင္ သြားပို႔ၿပီး ဂါရဝျပဳခဲ့ေၾကာင္း ေျပာထားပါတယ္။ ညီနႏၵကေတာ့ သူ႔ရဲ႕ ဟင္းလ်ာေတြကို ေစတနာပါပါ သန႔္သန႔္ရွင္းရွင္းနဲ႔ ေရာင္းခ်တာမို႔ တစ္ေန႔ထက္တစ္ေန႔ ေရာင္းအားေတြ တက္လာတာ အားလုံးအျမင္ပါပဲ။ ညီနႏၵတစ္ေယာက္ ဒီထက္မက ေရာင္းရၿပီး ဆိုင္ခြဲေတြ ဖြင့္လွစ္ႏိုင္တဲ့အထိ ေအာင္ျမင္ပါေစလု႔ိ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

သရုပ်ဆောင် ညီနန္ဒကတော့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အနုပညာလောကမှာ တောက်ပနေဆဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ညီနန္ဒက အနုပညာလုပ်ငန်းတွေထက် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးအဖြစ် မြန်မာထောပတ်ထမင်း

လုပ်ငန်းကို ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ရောင်းအားတွေတက်လာပြီး လက်မလည်အောင်ရောင်းနေရတဲ့ ညီနန္ဒက ဒီကနေ့မှာတော့ သရုပ်ဆောင်ရန်ကျော်နဲ့ အဆိုတော် မေခလာတို့ ဇနီးမောင်နှံကို သွားရောက်ဂါရဝပြုခဲ့ကြောင်း အခုလို ပြောထားပါတယ်။ “ကျွန်တော် ထောပတ်ထမင်းကို

တစ်နေ့ ပွဲ ၃၀ လောက်ပဲရောင်းရချိန်ကကတည်း စပြီးအားပေးခဲ့တဲ့ ကိုရန်ကျော် နဲ့ ချစ်ငယ်။ ဒီနေ့ ပွဲ ၃၀၀ ကျော် ရောင်းရချိန်အထိ အားပေးနေတာမို့ ကျွန်တော်ကိုယ်တိုင် သွားပို့ပြီး ဂါရဝပြုခဲ့ပါတယ်…🙏🙏🙏 ကိုရန်ကျော် နဲ့ ချစ်ငယ် ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပါစေ ခင်ဗျာ…🙏🙏🙏” ဆိုပြီး ရန်ကျော်နဲ့ မေခလာတို့အတွက်

သူကိုယ်တိုင် သွားပို့ပြီး ဂါရဝပြုခဲ့ကြောင်း ပြောထားပါတယ်။ ညီနန္ဒကတော့ သူ့ရဲ့ ဟင်းလျာတွေကို စေတနာပါပါ သန့်သန့်ရှင်းရှင်းနဲ့ ရောင်းချတာမို့ တစ်နေ့ထက်တစ်နေ့ ရောင်းအားတွေ တက်လာတာ အားလုံးအမြင်ပါပဲ။ ညီနန္ဒတစ်ယောက် ဒီထက်မက ရောင်းရပြီး ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်ပါစေလု့ိ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nyi Nanda’s Facebook

Add a Comment

Your email address will not be published. Required fields are marked *