သစ်ပင်စိုက်ချဲလင့်မှာ ပါဝင်တဲ့ ပရိသတ်တွေနေတဲ့ ကျေးရွာတွေအထိ ကိုယ်တိုင်သွားရောက် အားပေးခဲ့တဲ့ နေထူးနိုင်
Read in UNICODE
မင်းသားနေထူးနိုင်ကတော့ ပြီးခဲ့တဲ့ လလောက်က ပရိသတ်တွေကို သစ်ပင်စိုက်ဖို့ ချဲလန့်လေး လုပ်ခဲ့တာ ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ်။ နေထူးနိုင်က ကိုယ်တိုင်လည်း ကမ္ဘာမြေ စိမ်းလန်းသာယာပြီး အပူဒဏ်ကို ကာကွယ်ဖို့
သစ်ပင်တွေကို စိုက်ပျိုးသလို ပရိသတ်တွေကိုလည်း သစ်ပင်စိုက်ဖို့ Challenge ခေါ်လိုက်တာပါ။ ချဲလန့်လေးမှာ ပါဝင်တဲ့ သူတွေထဲက (၃)ယောက်ကိုလည်း နေထူးနိုင်ကကိုယ်တိုင် ဆုချီးမြှင့်မှာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့
နေထူးနိုင်က သူ့ရဲ့ ချဲ့လန်မှာ ပါဝင်လက်ခံ စိုက်ပျိုးတဲ့ ဆိပ်ဖြူမြို့ ထိန်ကန်ကျေးရွာအထိကို သွားရောက်ပြီး အားပေးခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်။ နေထူးနိုင်ကတော့
ကမ္ဘာမြေကြီးစိမ်းလန်းသာယာစေဖို့ ကိုယ်တိုင်လည်း လုပ်ကိုင်နေသလို ပရိသတ်တွေနဲ့ တခြားသူတွေကိုလည်း ပါဝင်လာချင်အောင် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်နေခဲ့တဲ့ စိတ်လေးကတော့ တကယ်ကိုပဲ ချီးကျူးထိုက်ပေတဲ့ စိတ်ဓာတ်လေးပါပဲနော်။
Source : Nay Htoo Naing’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *