ရှေးကတော့ မိုးသောက် မြန်မြန်သတိရဖို့ နေကြာပန်းခင်းထဲ ခေါ်သွားနေပြီဆိုတဲ့ ခန့်
Read in UNICODE
ပရိသတ်အားပေးမှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သူပါနော်..။ သူမရဲ့ ပထမဆုံးပါဝင်ရိုက်ကူးထားတဲ့ လေးစုံတွဲ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ် လူသိများခဲ့တာပဲဖြစ်ပါတယ်.။ နောက်ပိုင်းမှာတော့
ခန့်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူပါ…..။ ခန့်ရဲ့ အနုပညာလှုပ်ရှားမှုက လတ်တလောမှာတော့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ စိတ်သဘောထားဖြူစင်ပြီး ကျေးဇူးတရားသိတက်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်.။ ကျရာဇာတ်ရုပ်ကို
တိကျပိုင်နိုင်စွာသရုပ်ဆောင်ရင်း ဇာတ်ကို သေချာပုံဖော်ပေးနေသူဖြစ်လို့ ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်.။ ခန့်က မကြာခဏဆိုသလို ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေဆီကို အမြဲမျှဝေပေးနေတာပါနော်…..။ယနေ့မှာလည်း မိုးသောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့
ကျော်ထက်ဇော်နဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာရင်း ” ရှေးတစ်ယောက်တော့ မိုးသောက်မြန်မြန်သတိရဖို့အတွက် နေကြာပန်းခင်ခင်းထဲကိုခေါ်သွားနေပြီ မိုးသောက်မြန်မြန်သတိရပါစေ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်.။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးထဲက မိုးသောက်နဲ့ ရှေးရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……..။
Source : Khant’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *