ငါးစာေတြ သြားေကြ်းရင္း ကုသိုလ္ယူခဲ့ၾကတဲ့ ပိုးအိအိခန္႔တို႔ မိသားစု

ႏိုင္ငံေက်ာ္ေဘာလုံးကစားသမား ေအာင္သူနဲ႔ ျပည္သူခ်စ္အႏုပညာရွင္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ပိုးအိအိခန႔္ကေတာ့ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေထာင္ထားၾကတာပဲျဖစ္ပါတယ္.။ မဂၤလာသက္တမ္း (၂) ႏွစ္ေက်ာ္သြားၿပီျဖစ္တဲ့ သူမတို႔ စုံတြဲေလးက ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းလြန္းတဲ့ သားသားေလး သဲကိုးကို

ေမြးဖြားထားၿပီလည္းျဖစ္ပါတယ္.။ သားသားေလးက ခ်စ္စရာေကာင္းၿပီး ဝကစ္ကစ္ေလးနဲ႔မို႔ ျမင္သူတိုင္းက အခ်စ္ပိုေနၾကတာလည္းျဖစ္ပါတယ္……။ မိသားစုေတြအၿမဲတမ္း ေပ်ာ္႐ႊင္ၾကည္ႏႈးစရာေကာင္းတဲ့ ပုံေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပိုးအိအိခန႔္က မၾကာခဏဆိုသလို မွ်ေဝေပးလ်က္ရွိေနတာေၾကာင့္ ပရိသတ္ေတြကလည္း

ေစာင့္ေမွ်ာ္အားေပးေနၾကတာအေသအခ်ာပါပဲေနာ္…။ ယခုမွာလည္း ပရိသတ္အခ်စ္ေတာ္မေလး ပိုးအိအိခန႔္က မိသားစု (၃)ေယာက္ အတူတူ ကမာၻေအးငါးကန္နဲ႔ စြယ္ေတာ္ငါးကန္မွာ ငါးစာေကြၽးကုသိုလ္ယူေနတဲ့ အေၾကာင္းကို တင္ေပးလာတာပဲျဖစ္ပါတယ္…..။ ပုံေလးေတြထဲမွာ ေမေမ ပိုးအိအိခန႔္နဲ႔အတူ ေဖေဖေအာင္သူရဲ႕ လက္ေပၚကေန

အသည္းယားစရာေကာင္းတဲ့ ပိုစ့္ေလးေတြနဲ႔ ဓာတ္ဖမ္းေနတဲ့ သဲကိုးေလးရဲ႕ ပုံေလးေတြကိုလည္း တင္ေပးလာတာပါေနာ္.။ ကဲ ခ်စ္ရတဲ့ ပရိသတ္ေတြ ပိုးအိအိခန႔္တို႔ မိသားစုေလးရဲ႕ ၾကည္ႏႈးေပ်ာ္႐ႊင္စရာေကာင္းတဲ့ ပုံေလးေတြကို ၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္.။ သူမတို႔ မိသားစုေလးရဲ႕ ပုံေတြကိုၾကည့္ၿပီး ခ်စ္ပရိသတ္ေတြက အသည္းေလးေတြ ေပးခဲ့ဖို႔ မေမ့လိုက္ပါနဲ႔အုန္းေနာ္……။

Read in UNICODE

နိုင်ငံကျော်ဘောလုံးကစားသမား အောင်သူနဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ထောင်ထားကြတာပဲဖြစ်ပါတယ်.။ မင်္ဂလာသက်တမ်း (၂) နှစ်ကျော်သွားပြီဖြစ်တဲ့ သူမတို့ စုံတွဲလေးက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေး သဲကိုးကို

မွေးဖွားထားပြီလည်းဖြစ်ပါတယ်.။ သားသားလေးက ချစ်စရာကောင်းပြီး ဝကစ်ကစ်လေးနဲ့မို့ မြင်သူတိုင်းက အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်……။ မိသားစုတွေအမြဲတမ်း ပျော်ရွှင်ကြည်နှုးစရာကောင်းတဲ့ ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုးအိအိခန့်က မကြာခဏဆိုသလို မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း

စောင့်မျှော်အားပေးနေကြတာအသေအချာပါပဲနော်…။ ယခုမှာလည်း ပရိသတ်အချစ်တော်မလေး ပိုးအိအိခန့်က မိသားစု (၃)ယောက် အတူတူ ကမ္ဘာအေးငါးကန်နဲ့ စွယ်တော်ငါးကန်မှာ ငါးစာကျွေးကုသိုလ်ယူနေတဲ့ အကြောင်းကို တင်ပေးလာတာပဲဖြစ်ပါတယ်…..။ ပုံလေးတွေထဲမှာ မေမေ ပိုးအိအိခန့်နဲ့အတူ ဖေဖေအောင်သူရဲ့ လက်ပေါ်ကနေ

အသည်းယားစရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းနေတဲ့ သဲကိုးလေးရဲ့ ပုံလေးတွေကိုလည်း တင်ပေးလာတာပါနော်.။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ ပိုးအိအိခန့်တို့ မိသားစုလေးရဲ့ ကြည်နှုးပျော်ရွှင်စရာကောင်းတဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.။ သူမတို့ မိသားစုလေးရဲ့ ပုံတွေကိုကြည့်ပြီး ချစ်ပရိသတ်တွေက အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်……။

Source : Poe Ei Ei Khant’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *