ကျော်ရဲအောင်နဲ့အတူ ဟာသလေးတွေပြောရင်း ပျော်ပျော်ရွင်ရွင် ဈေးရောင်းနေကြတဲ့ စိုးမြတ်နန္ဒာတို့ ညီအမသုံးယောက်






Read in UNICODE

ပရိသတ်တွေကြားမှာ ယနေ့ထိတိုင်အောင် အရမ်းကို ရေပန်းစားနာမည်ကြီးနေသူကတော့ သရုပ်ဆောင်မင်းသမီးချော စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေ

မလုပ်တော့တာကြောင့် ပရိသတ်တွေက နှမျောနေကြတာလည်း ဖြစ်ပါတယ်။ ဒါဒါဟာ ချစ်ရတဲ့ သားလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါဒါရဲ့ ပုံစံလေးဟာလည်း ပရိသတ်တွေရဲ့ ရင်ထဲကို

ယနေ့ထိတိုင်အောင် ဖမ်းစားထားနိုင်နေတာလည်း ဖြစ်ပါတယ်။ သူမဟာ စိုးညီအစ်မတွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ ၊ စန္ဒီမြင့်လွင် ၊ စိုးပြည့်သဇင်တို့နဲ့အတူ ” မင်းသမီး ” ပိုးထည်ဆိုင်ကို ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း မင်းသမီး ဆိုင်ရဲ့ Facebook Page မှာ Live Video လေး

တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီအစ်မသုံးယောက်ဖြစ်ကြတဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စန္ဒီမြင့်လွင်တို့ သုံးယောက်သား ပျော်ပျော်ပါးပါး ဈေးရောင်းနေကြတာပဲ ဖြစ်ပါတယ်။ အထူးဧည့်သည်အနေနဲ့ သရုပ်ဆောင် ကျော်ရဲအောင်ပါ

ရောက်ရှိကာ live မှာ ပျော်ပျော်ပါးပါး စကားတွေပြောနေကြတာပါ။ ပရိသတ်တွေအတွက် ပျော်ပျော်ပါးပါးဈေးရောင်းကြရင်း အခွီလေးတွေပြောကာရယ်မောပျော်ရွှင်နေကြတဲ့ ကျော်ရဲအောင်နဲ့စိုးညီအစ်မသုံးယောက်ရဲ့ Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source : Soe Myat Nandar & မင္းသမီး’s Facebook | Reference & Credit : Myanamarload

Add a Comment

Your email address will not be published. Required fields are marked *