ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ကလေးတွေကို သနပ်ခါး ကိုယ်တိုင် လူးပေးနေတဲ့ ခိုင်နှင်းဝေ





Read in UNICODE

ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို

လုပ်ဆောင်နေရင်း သူမတတ်နိုင်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက များစွာသောအလုပ်တွေကို ဦးစီးလုပ်ကိုင်နေရပေမယ့် သူမရဲ့ သားသမီးတွေကိုတော့ ဂရုစိုက်မပျက်တာကို တွေ့ရပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ သားသမီးတွေကို သနပ်ခါးလေးတွေ

လိမ်းပေးရင်း “ရာသီဥတု ပူပူမှာ ကလေးတွေ အေးမြအောင် ဒီမေမေ့ မေတ္တာတွေနဲ့ ရှင်မတောင်လေးသွေး မေ‌့ ကလေးလေးတွေ သနပ်ခါးလေးလူး ❤❤❤ ခါးခါးလူးမယ် ဆိုရင် မေ့ကိုမမောအောင် သူတို့မေတ္တာစိတ်လေးနဲ့ ငြိမ်ငြိမ်လေးနေပေးကြရှာတဲ့ တန်ဖိုးဖြတ်မရ

မေ့သားသမီးလေးတွေ အရမ်းချစ်တယ်ကွယ်” ဆိုပြီး ကြည်နူးစွာ စကားလေး ဆိုထားပါသေးတယ်။ ခိုင်နှင်းဝေကတော့ သူများအကျိုးတွေကိုလိုက်လံလုပ်ဆောင်ရင်း မေတ္တာတွေကြောင့် အမြဲတမ်း အေးချမ်းနေသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *