မမျှော်လင့်ထားရလောက်အောင် ကြီးမားလွန်းတဲ့ကိတ်ကြီးနဲ့ မွေးနေ့စပရိုက် လုပ်ခံခဲ့ရတဲ့ စံရတီမိုးမြင့်




Read in UNICODE
မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုဇာတ်လမ်းများစွာမှာသရုပ်ဆောင်ခဲ့သလို လက်ရှိမှာလည်း ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆွဲဆောင်မှုရှိပြီးချစ်စရာကောင်းတဲ့မင်းသမီးလေးကတော့

မနေ့အသက် (၂၆) နှစ်ပြည့်သွားခဲ့တာပါ။ မွေးနေ့မှာဂရုစိုက်ပေးခဲ့ကြတဲ့သူတွေနဲ့ပတ်သက်ပြီး “မွေးနေ့မှာဆုတောင်းပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးပါ.. ဒီနှစ်ကတော့ အရင်နှစ်တွေကလိုကိုယ်တိုင်သွားအလှူမလုပ်ဖြစ်ခဲ့ပေမယ့် သဘာဝတရားရိပ်သာမှာ လှူခဲ့ပါတယ်.. တခြားလိုအပ်တဲ့မိသားစုတွေကိုလဲ လှူခဲ့ပါတယ်…

ကုသိုလ်အားလုံးလဲထပ်တူထပိမျှရကြပါစေ..ည၁၂နာရီအတိမှာ အိမ်နဲ့ပေါင်းပြီးမွေးနေ့ကိတ်လှလှလေး ပို့ပေးတဲ့ ရှောင်ကောကောရော..သေချာလေး အသေးစိတ်က အစ လုပ်ပေးတဲ့ Phoo Angel Phoo ရော ကျေးဇူးပါ… မွေးနေ့ကိတ်

သမီးအတွက်လုပ်ပေးတဲ့ အဖေ့ကိုလဲ ကျေးဇူးတင်ပါတယ်.. Dinner တူတူလိုက်စားပေးတဲ့ ချစ်သူငယ်ချင်း နှစ်ယောက်လဲကျေးဇူးပါ.. မွေးနေ့ Dinner အတွက် Decoration ရော Cake လေးပါ လုပ်ပေးတဲ့ Team Le Cellier ကိုရောကျေးဇူးပါ.. Birthday wish တွေအားလုံး

သဲ ဖြည်းဖြည်းချင်း reply လုပ်သွားပေးမယ်နော်… အားလုံးကျေးဇူးပါချစ်တယ်” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။ စံရတီမိုးမြင့်ကတော့ ချစ်ရတဲ့မိသားစုမိတ်ဆွေတွေသာမက ပရိသတ်တွေကပါသတိတရနဲ့မွေးနေ့ဆုတောင်းပေးခြင်းကိုခံခဲ့ရသလို မွေးနေ့ကိတ်အကြီးကြီးကိုလည်း လက်ဆောင်ရခဲ့တာပါတဲ့ ပရိသတ်ကြီးရေ…
Source : San Yati Moe Myint’s Facebook | Reference & Credit : Cele Gabar