ထူးအောင် ခါရာတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတော့မယ်ဆိုတဲ့ တိုင်ရွန်
Read in UNICODE
ပရိသတ်ကြီးရေ တိုင်ရွန်ကတော့ မော်ဒယ်လ်လောကမှာ ကျော်ကြားသူတစ်ယောက်ဖြစ်သလို အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိနေသူတစ်ယောက်ပါ။ တိုင်ရွန်ဟာ
တက်သစ်စမင်းသားတစ်ယောက်အနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပါဝင် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ ဘော်ဒီကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒီနေ့မှာတော့ နှုတ်ခမ်းနီမလေးတွေ
အသည်းကျော်တွေဖြစ်တဲ့ ခါရာနဲ့ထူးအောင်တိုနဲ့အတူ ” ဒီသုံးယောက်ဆို ဘယ်လိုကားမျိုးကြည့်ချင်လဲ ?Something new is coming soon…” ဆိုတဲ့ သတင်းကောင်းလေးကို ဝေမျှခဲ့တာပါ။ မိန်းကလေးပရိသတ်တွေအတွက်ကတော့ သတင်းကောင်းပါပဲနော်။ ပရိသတ်ကြီးလည်း သူတို့သုံးယောက်ပါဝင်ထားတဲ့ ဇာတ်ကားတွေကို ကြည့်ရှုဖို့အသင့်ပဲဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Tyron Bejay’s Facebook
Add a Comment
Your email address will not be published. Required fields are marked *