သမီးေလး ေမြးထားတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ အိမ္အကူမိန္းကေလးကို အက္စစ္နဲ႔ လံုးဝမပက္ခဲ့ပါဘူးဆိုတဲ့ မင္းရာဇာ
|မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။အိမ္အကူ မိန္းကေလး အား ညႇဥ္းပန္းႏွိပ္စက္မႈ၊ မုဒိမ္းမႈေတြ နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ (ဇြန္လ၄ရက္) က ေျမာက္ဥကၠာတရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ အင္းစိန္ေထာင္မွာ Quarantine ဝင္ၿပီးေနာက္ ပထမဆုံး ႐ုံးခ်ိန္းမွာေတာ့

မင္းရာဇာဟာ သမီးေလး ေမြးထားတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ အိမ္အကူမိန္းကေလးကို အက္စစ္နဲ႔ ပတ္တာမ်ိဳး မလုပ္ခဲ့ပါဘူးလို႔ မီဒီယာေတြအေရွ႕မွာ ေျပာခဲ့ပါတယ္။ “ကြၽန္ေတာ္ အမွန္အတိုင္း အားလုံးေျပာမွာပါ။ အားလုံး ထင္သမ်ိဳး အသားေတြ ပဲ့က်သြားေအာင္ အက္စစ္ေတြနဲ႔ ပတ္တာမ်ီဳး လုံးဝမလုပ္ခဲ့ပါဘူး။ကြၽန္ေတာ္လည္း သမီးေလး ေမြးထားတာပါ။ သူတို႔မိသားစုအေပၚမွာလည္း ေက်းဇူးေတြ အမ်ားႀကီး ရွိပါတယ္။ အခုလိုမ်ိဳးလုပ္တဲ့အတြက္လည္း တကယ္စိတ္မေကာင္းပါဘူး။ ျဖစ္တဲ့ ျပႆနာက အႀကီးႀကီမဟုတ္ပါဘူ။ ကြၽန္ေတာ္ေယာက်္ားပါမွန္သင့္သေလာက္ထိ မွန္ေပမယ့္

မွားရင္လည္းကြၽန္ေတာ္ခံမွာပါအားလုံးကို ေက်းဇူးတင္ပါတယ္” ဆိုၿပီး ႐ုံးခ်ိန္းအျပန္မွာေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ တရားခံေတြျဖစ္တဲ့ မင္းရာဇာနဲ႔ အေပါင္းအပါ(၂) ဦးစလုံး ေျမာက္ဥကၠလာတရား႐ုံးသို႔ လာေရာက္ခဲ့ၾကပါတယ္။ အိမ္အကူအမ်ိဳးသမီးငယ္အား အက္ဆစ္နဲ႔ပက္ႏွိပ္စက္ခဲ့တဲ့ သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးကို တရား႐ုံး က်ပ္ ၁၀ သိန္းတန္ အာမခံ ေလွ်ာက္ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ္။
Read in UNICODE
မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။အိမ်အကူ မိန်းကလေး အား ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုတွေ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (ဇွန်လ၄ရက်) က မြောက်ဥက္ကာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အင်းစိန်ထောင်မှာ Quarantine ဝင်ပြီးနောက် ပထမဆုံး ရုံးချိန်းမှာတော့

မင်းရာဇာဟာ သမီးလေး မွေးထားတဲ့ ဖခင်တစ်ယောက်အနေနဲ့ အိမ်အကူမိန်းကလေးကို အက်စစ်နဲ့ ပတ်တာမျိုး မလုပ်ခဲ့ပါဘူးလို့ မီဒီယာတွေအရှေ့မှာ ပြောခဲ့ပါတယ်။ “ကျွန်တော် အမှန်အတိုင်း အားလုံးပြောမှာပါ။ အားလုံး ထင်သမျိုး အသားတွေ ပဲ့ကျသွားအောင် အက်စစ်တွေနဲ့ ပတ်တာမျီုး လုံးဝမလုပ်ခဲ့ပါဘူး။ကျွန်တော်လည်း သမီးလေး မွေးထားတာပါ။ သူတို့မိသားစုအပေါ်မှာလည်း ကျေးဇူးတွေ အများကြီး ရှိပါတယ်။ အခုလိုမျိုးလုပ်တဲ့အတွက်လည်း တကယ်စိတ်မကောင်းပါဘူး။ ဖြစ်တဲ့ ပြဿနာက အကြီးကြီမဟုတ်ပါဘူ။ ကျွန်တော်ယောကျ်ားပါမှန်သင့်သလောက်ထိ မှန်ပေမယ့်

မှားရင်လည်းကျွန်တော်ခံမှာပါအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ရုံးချိန်းအပြန်မှာပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ တရားခံတွေဖြစ်တဲ့ မင်းရာဇာနဲ့ အပေါင်းအပါ(၂) ဦးစလုံး မြောက်ဥက္ကလာတရားရုံးသို့ လာရောက်ခဲ့ကြပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။
Source : Cele Yatkwat | Reference & Credit : Duwun