သဘင္သည္ေပါင္း(၁၉၀၀၀)ကို လွဴခဲ့တဲ့ ဖိုးခ်စ္အတြက္ အရမ္းေက်နပ္မိတယ္ဆိုတဲ့ လူရႊင္ေတာ္ ကံပြင့္

Covid ကာလမွာ စားဝတ္ေနေရး အခက္အခဲႀကဳံေတြ႕ေနရတဲ့ တစ္ႏိုင္ငံလုံးက သဘင္သည္ေတြအတြက္ သဘင္ဥကၠဌဖိုးခ်စ္ရဲ႕ အလႉအတြက္ ဝမ္းသာပီတိျဖစ္ရတယ္လို႔ လူ႐ႊင္ေတာ္ ကံပြင့္က ဆိုပါတယ္။ ဖိုးခ်စ္ ဥကၠဌျဖစ္ၿပီးတဲ့ေနာက္ ေျပာင္းလဲလာတဲ့ သဘင္ေလာကအေၾကာင္း ေျပာျပခဲ့ပါတယ္။ “ ဥကၠဌတစ္ေယာက္ျဖစ္လာတဲ့အခ်ိန္မွာ ေမာင္ဖိုးခ်စ္ရဲ႕ လုပ္ရပ္ေတြက သက္ေသျပတာပဲေလ။ ဦးကံဆိုရင္ အဘ ဝဏၰေက်ာ္ထင္ ၊ ဦးစိန္ေအာင္မင္းတို႔ လက္ထပ္ကတည္းက

သဘင္ေလာကထဲမွာ က်င္လည္လာခဲ့တာပါ။ ေမာင္ဖိုးခ်စ္ လုပ္တဲ့အခ်ိန္မွာပဲ Covid ဆိုတာ ျဖစ္တာေပါ့။ အရင္ေခတ္ေတြတုန္းကေတာ့ သဘင္သည္ေတြ ကခ်င္တာ ကၾကတယ္ ဘာညာဆိုတာကလည္း သဘင္အစည္းအ႐ုံးရဲ႕ အားနည္းခ်က္၊ အားသာခ်က္က ေပၚေပၚထင္ထင္ မသိၾကဘူး။ အခုခ်ိန္မွာ ေမာင္ဖိုးခ်စ္က တစ္ႏိုင္ငံလုံးက သဘင္သည္ေတြအတြက္ သူ တာဝန္ယူၿပီး ေျဖရွင္းေပးတဲ့ အခါမွာ အရမ္းေကာင္းတဲ့ လုပ္ရပ္တစ္ခု ျဖစ္ပါတယ္” ဆိုၿပီးေတာ့

ခန႔္စည္သူရဲ႕ အလႉမွာ ေျဖဆိုခဲ့တာပါ။ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ သဘင္သည္ေတြရဲ႕ စားဝတ္ေနေရးအတြက္ လႉရတာဟာ တကယ္ကို တာဝန္ႀကီးတဲ့ အလႉျဖစ္တယ္လို႔ ကံပြင့္က ေျပာပါတယ္။ “ ေမာင္ဖိုးခ်စ္ရဲ႕ အလႉက တာဝန္ႀကီးတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဗဟို သဘင္ျဖစ္တဲ့အတြက္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ သဘင္သည္အားလုံးရဲ႕ မိသားစု စားဝတ္ေနေရးက သူ႔ေခါင္းေပၚမွာရွိတယ္။ သူလည္း စိတ္ထဲက အမ်ားႀကီးေပးခ်င္ေသာ္လည္း EC ရဲ႕ ဆုံးျဖတ္ခ်က္အရ

တစ္ႏိုင္ငံလုံးရဲ႕ အတိုင္းအတာအတြက္ သူ အတတ္ႏိုင္ဆုံး လႉရတာေပါ့။ လႉတာကလည္း ၿမိဳ႕နယ္တိုင္းမွာ တည္ေထာင္ခြင့္လုပ္ထားတဲ့ ဇာတ္ဆရာရယ္၊ အဲဒီအဖြဲ႕ထဲမွာ စာခ်ဳပ္နဲ႔ လုပ္တဲ့ သဘင္သည္ေတြကို ေပးတာ၊ ၿပီးေတာ့ ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ သက္ႀကီး သဘင္သည္ေတြကို ေပးတယ္” လို႔ ဆိုပါတယ္။ လူ႐ႊင္ေတာ္ ကံပြင့္ဟာ သဘင္ဥကၠဌ ဖိုးခ်စ္ရဲ႕ အလႉအတြက္

သာဓု ေခၚဆိုရင္း ဝမ္းသာပီတိျဖစ္ရတယ္လို႔ ဆိုပါတယ္။ သဘင္အစည္းအ႐ုံးက တာဝန္ရွိလူႀကီးေတြကလည္း ဖိုးခ်စ္ရဲ႕ အလႉမွာ ညီညီၫႊတ္ၫႊတ္ပါဝင္လာၾကတယ္လို႔ သူက ေျပာပါတယ္။ “ ဒီအလႉအတြက္ တစ္ႏိုင္ငံလုံးက သဘင္သည္ေတြက သာဓုေခၚၾကတာေပါ့။ EC အဖြဲ႕က အေဖႀကီး ဦးခ်မ္းသာ၊ ဦးမိုးဝင္း တို႔အျပင္ ဇာတ္၊ ဆိုင္း၊ အၿငိမ့္ မွာပါတဲ့ EC ေတြ အကုန္လုံးကလည္း ေမာင္ဖိုးခ်စ္ အေရွ႕က လုပ္ေဆာင္ခ်က္ေတြကို စည္းစည္းလုံးလုံးနဲ႔ ညီညီညာညာ

လိုက္ပါၿပီး လုပ္တဲ့အတြက္ အားလုံးက ဝမ္းသာတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လူ႐ႊင္ေတာ္ ကံပြင့္ဟာ လက္ရွိမွာေတာ့ သဘင္အစည္းအ႐ုံးမွာ EC အဖြဲ႕ဝင္ တစ္ေယာက္အျဖစ္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဟာသသ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ဇာတ္ကားေတြလည္း ႐ိုက္ကူးထားသူ တစ္ေယာက္ပါ။ ဟာသၿပိဳင္ပြဲေတြမွာလည္း အကဲျဖတ္ ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။

Read in UNICODE

Covid ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးက သဘင်သည်တွေအတွက် သဘင်ဥက္ကဌဖိုးချစ်ရဲ့ အလှူအတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ လူရွှင်တော် ကံပွင့်က ဆိုပါတယ်။ ဖိုးချစ် ဥက္ကဌဖြစ်ပြီးတဲ့နောက် ပြောင်းလဲလာတဲ့ သဘင်လောကအကြောင်း ပြောပြခဲ့ပါတယ်။ “ ဥက္ကဌတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ မောင်ဖိုးချစ်ရဲ့ လုပ်ရပ်တွေက သက်သေပြတာပဲလေ။ ဦးကံဆိုရင် အဘ ဝဏ္ဏကျော်ထင် ၊ ဦးစိန်အောင်မင်းတို့ လက်ထပ်ကတည်းက

သဘင်လောကထဲမှာ ကျင်လည်လာခဲ့တာပါ။ မောင်ဖိုးချစ် လုပ်တဲ့အချိန်မှာပဲ Covid ဆိုတာ ဖြစ်တာပေါ့။ အရင်ခေတ်တွေတုန်းကတော့ သဘင်သည်တွေ ကချင်တာ ကကြတယ် ဘာညာဆိုတာကလည်း သဘင်အစည်းအရုံးရဲ့ အားနည်းချက်၊ အားသာချက်က ပေါ်ပေါ်ထင်ထင် မသိကြဘူး။ အခုချိန်မှာ မောင်ဖိုးချစ်က တစ်နိုင်ငံလုံးက သဘင်သည်တွေအတွက် သူ တာဝန်ယူပြီး ဖြေရှင်းပေးတဲ့ အခါမှာ အရမ်းကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်” ဆိုပြီးတော့

ခန့်စည်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်တွေရဲ့ စားဝတ်နေရေးအတွက် လှူရတာဟာ တကယ်ကို တာဝန်ကြီးတဲ့ အလှူဖြစ်တယ်လို့ ကံပွင့်က ပြောပါတယ်။ “ မောင်ဖိုးချစ်ရဲ့ အလှူက တာဝန်ကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ဗဟို သဘင်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်အားလုံးရဲ့ မိသားစု စားဝတ်နေရေးက သူ့ခေါင်းပေါ်မှာရှိတယ်။ သူလည်း စိတ်ထဲက အများကြီးပေးချင်သော်လည်း EC ရဲ့ ဆုံးဖြတ်ချက်အရ

တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာအတွက် သူ အတတ်နိုင်ဆုံး လှူရတာပေါ့။ လှူတာကလည်း မြို့နယ်တိုင်းမှာ တည်ထောင်ခွင့်လုပ်ထားတဲ့ ဇာတ်ဆရာရယ်၊ အဲဒီအဖွဲ့ထဲမှာ စာချုပ်နဲ့ လုပ်တဲ့ သဘင်သည်တွေကို ပေးတာ၊ ပြီးတော့ မြို့နယ်အတွင်းမှာရှိတဲ့ သက်ကြီး သဘင်သည်တွေကို ပေးတယ်” လို့ ဆိုပါတယ်။ လူရွှင်တော် ကံပွင့်ဟာ သဘင်ဥက္ကဌ ဖိုးချစ်ရဲ့ အလှူအတွက်

သာဓု ခေါ်ဆိုရင်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ သဘင်အစည်းအရုံးက တာဝန်ရှိလူကြီးတွေကလည်း ဖိုးချစ်ရဲ့ အလှူမှာ ညီညီညွှတ်ညွှတ်ပါဝင်လာကြတယ်လို့ သူက ပြောပါတယ်။ “ ဒီအလှူအတွက် တစ်နိုင်ငံလုံးက သဘင်သည်တွေက သာဓုခေါ်ကြတာပေါ့။ EC အဖွဲ့က အဖေကြီး ဦးချမ်းသာ၊ ဦးမိုးဝင်း တို့အပြင် ဇာတ်၊ ဆိုင်း၊ အငြိမ့် မှာပါတဲ့ EC တွေ အကုန်လုံးကလည်း မောင်ဖိုးချစ် အရှေ့က လုပ်ဆောင်ချက်တွေကို စည်းစည်းလုံးလုံးနဲ့ ညီညီညာညာ

လိုက်ပါပြီး လုပ်တဲ့အတွက် အားလုံးက ဝမ်းသာတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လူရွှင်တော် ကံပွင့်ဟာ လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *