ရတနာဗိုလ္လာပို႔တဲ့ ၿမီးရွည္ေတြကို ဆံပင္ၾကည္ေတာင္စည္းေလးစည္းၿပီး အားရပါးရစားဖို႔ျပင္ေနတဲ့ ေနတိုး

စမတ္က်လြန္းတဲ့ ဖက္ရွင္မ်ားကို ေ႐ြးခ်ယ္ဝတ္ဆင္တတ္တာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေႂကြၿပီးရင္းေႂကြေနရသူကေတာ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေနတိုးပဲ ျဖစ္ပါတယ္။ ေနတိုးဟာ သ႐ုပ္ေဆာင္ ဘက္တြင္သာမက အဆိုနဲ႔ပန္းခ်ီဘက္ေတြမွာလည္း ထူးခြၽန္လြန္းတဲ့ စြယ္စုံရ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အသံလုပ္ရာမွာလည္း မူရင္းအသံပိုင္ရွင္အလား

ထင္မွတ္ရေလာက္ေအာင္ လုပ္တတ္တာေၾကာင့္လည္း အားလုံးက ခ်ီးက်ဳးေနၾကတာလည္း ျဖစ္ပါတယ္။ေနတိုးရဲ႕ က်ရာဇာတ္႐ုပ္တိုင္းတြင္ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈတို႔ေၾကာင့္ အကယ္ဒမီထူးခြၽန္ဆုေတြလည္း ရရွိပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။ အႏုပညာေလာကမွာလည္း ဝါရင့္သ႐ုပ္ေဆာင္ ပညာရွင္မ်ားကပါ ခ်စ္ခင္ေနၾကရတဲ့ မင္းသားေခ်ာေလး

တစ္လက္ဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။ လတ္တေလာမွာေတာ့ ေနတိုးတစ္ေယာက္ အႏုပညာလႈပ္ရွားမႈေတြ မရွိေသးဘဲ အိမ္မွာဘဲ အနားယူအပန္းေျဖ ေနထိုင္လ်က္ရွိေနတာပဲ ျဖစ္ပါတယ္။ အခုမွာလည္း သူ႔ရဲ႕ တပည့္ျဖစ္သူ ရတနာဗိုလ္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေနတိုးရဲ႕ ပုံရိပ္ေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ” ဗိုလ္ရဲ႕ အႏုပညာပ်ိဳးခင္းကဆရာေတြ

“အေမၿပဳံး-ၿမီးရွည္”ႀကိဳက္တယ္ဆိုလို႔ အရမ္းေတြေပ်ာ္ေနပါၿပီ ဆရာတို႔အတြတ္ ေမေမၿပဳံးကၿမီးရွည္ျပင္ေပးတယ္ ဗိုလ္က ႏွမ္းေလးေတြလိုက္ျဖဴးေပးတယ္ ခိခိ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ တပည့္ျဖစ္သူလာပို႔တဲ့ၿမီးရွည္ေတြကိုအားရပါးရစားေသာက္ရန္ဟန္ျပင္ေနတဲ့ ျပည္သူခ်စ္မင္းသားေခ်ာေလးေနတိုးရဲ႕ ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Read in UNICODE

စမတ်ကျလွန်းတဲ့ ဖက်ရှင်များကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေပြီးရင်းကြွေနေရသူကတော့ သရုပ်ဆောင် မင်းသားချော နေတိုးပဲ ဖြစ်ပါတယ်။ နေတိုးဟာ သရုပ်ဆောင် ဘက်တွင်သာမက အဆိုနဲ့ပန်းချီဘက်တွေမှာလည်း ထူးချွန်လွန်းတဲ့ စွယ်စုံရ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသံလုပ်ရာမှာလည်း မူရင်းအသံပိုင်ရှင်အလား

ထင်မှတ်ရလောက်အောင် လုပ်တတ်တာကြောင့်လည်း အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။နေတိုးရဲ့ ကျရာဇာတ်ရုပ်တိုင်းတွင် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ဝါရင့်သရုပ်ဆောင် ပညာရှင်များကပါ ချစ်ခင်နေကြရတဲ့ မင်းသားချောလေး

တစ်လက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လတ်တလောမှာတော့ နေတိုးတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူအပန်းဖြေ နေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့ တပည့်ဖြစ်သူ ရတနာဗိုလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ နေတိုးရဲ့ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” ဗိုလ်ရဲ့ အနုပညာပျိုးခင်းကဆရာတွေ

“အမေပြုံး-မြီးရှည်”ကြိုက်တယ်ဆိုလို့ အရမ်းတွေပျော်နေပါပြီ ဆရာတို့အတွတ် မေမေပြုံးကမြီးရှည်ပြင်ပေးတယ် ဗိုလ်က နှမ်းလေးတွေလိုက်ဖြူးပေးတယ် ခိခိ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တပည့်ဖြစ်သူလာပို့တဲ့မြီးရှည်တွေကိုအားရပါးရစားသောက်ရန်ဟန်ပြင်နေတဲ့ ပြည်သူချစ်မင်းသားချောလေးနေတိုးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Nay Toe’s Facebook & Yadanar Bo’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *