သားအမိ(၃)ယောက်ပေါင်းပြီး သရုပ်ဆောင်ထားတဲ့ ဟာသဗီဒီယိုလေး ကြည့်ရှုသူ (၂)သန်းနီးပါးရှိပြီဖြစ်လို့ ပျော်နေတဲ့ ခင်ဇာခြည်ကျော်





Read in UNICODE

ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့ မင်းသမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ

ဝါရင့်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ စိတ်ပျိုကိုယ်နုဆိုသလိုပဲ သူမအနေနဲ့ သားနဲ့သမီးတွေနဲ့အတူ လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာနေထိုင်တတ်သူလည်းဖြစ်ပါတယ်။သားသမီးတွေအပေါ်မှာလည်း မောင်နှမလိုဆက်ဆံရေးထားကာ သွန်သင်ဆုံးမတတ်ပါသူတစ်ယောက်ပါနော်။သားဖြစ်သူဘုန်းမင်းနေလဟာ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေရပြီပဲ ဖြစ်ပြီးသားချောလေးအပြင်

သမီးလေး ထင်သစ္စာဟာဆိုရင်လည်း မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်နဲ့ အနုပညာပွဲတက်တွေကို အတူတူတက်ရောက်ကာ အနုပညာလောကထဲကို ခြေလှမ်းသစ်တွေစလှမ်းနေပြီလို့ဆိုရမှာပါ။ ဒီနေ့မှာတော့ အမြဲပျော်ပျော်နေတတ်တဲ့ သူတို့မိသားစုလေးကတော့ သားအမိ(၃)ယောက်လုံးပေါင်းကာ ပျော်စရာ

ဟာသTikTok လေးကို ကြည့်ရူသူ သန်းချီ ခဲ့ကြောင်းကို “ဇာလေးတို့မိသားစု TikTok လေး 1.7M view အတွက် ကျေးဇူးပါ”ဆိုတဲ့စာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ My Dayမှာဖော်ပြခဲ့တာပါ။ သူမတို့မိသားစု လေးကို အားပေးတဲ့ပရိသတ်တွေကို လည်းကျေးဇူးတင်ကြောင်းပြောလာခဲ့တာပါ။ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး အမြဲပျော်ပျော်နေတတ်တဲ့ ခင်ဇာခြည်ကျော်တို့ သားအမိတွေကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Khin Zarchi Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *