အစ္ကိုျဖစ္သူ ေဒြးက ႐ိုက္ကြင္းေတြမွာ ေအာက္ေျခကစၿပီး အစစအရာရာ ပံ့ပိုးေပးခဲ့တာကို သတိရေနတဲ့ သားညီ
|ေဒြးကေတာ့ အခုဆိုရင္ ကြယ္လြန္သြားတာ ဆယ္စုနွစ္တစ္စုစာရိွျပီဆိုေပမယ့္ သူ့ရဲ့ နာမည္ကေတာ့ ဒီေန့ဒီအခ်ိန္ထိ က်န္ရစ္ေနဆဲ ျဖစ္ပါတယ္။ ေဒြးကို ခ်စ္ၾကတဲ့ ပရိသတ္ေတြက ေဒြးကို ဒီေန့ဒီအခ်ိန္ထိ သတိတရရိွေနေသးသလို ေဒြးရဲ့ ညီအရင္းျဖစ္သူ

သားညီကလည္း ေဒြးနဲ့ တပူးပူးတတြဲတြဲ အျမဲတမ္းရိွခဲ့သူမို့ ေဒြးကို ဒီေန့ဒီအခ်ိန္ထိ တမ္းတေနဆဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ သားညီက အစ္ကိုျဖစ္သူနဲ့ အမွတ္တရဓာတ္ပံုေလးကိုၾကည့္ျပီး သတိတရရိွေနတာပဲ ျဖစ္ပါတယ္။ သားညီက “သရုပ္ေဆာင္၊ လက္ေထာက္

ေမာ္နီတာၾကည့္၊ လက္ေထာက္ ဇာတ္ညႊန္းကူးေရး၊ လက္ေထာက္၊ မန္ေနဂ်ာလြယ္အိတ္ကူလြယ္၊ ရိုက္ကြင္းေတာက္တိုမယ္ရ ေအာ္လံကိုင္၊ လူရွင္း၊ ဒါရိုက္တာ ထမင္းပို႕ တာဝန္မ်ား ထမ္းေဆာင္ခဲ႔ေသာ ဒါရိုက္တာ ေဒြး ရဲဲ႕ “မာန္ရဲ႕ဒါဏ္

” DVD ဇာတ္ကား ရိုက္ကြင္း” ဆိုျပီး အစ္ကိုျဖစ္သူရဲ့ ရႈတင္မွာ ေအာက္ေျခသိမ္းကအစ လုပ္ကိုင္ခဲ့ရေၾကာင္း ေျပာျပထားပါတယ္။ သားညီကေတာ့ သြားေလသူအစ္ကိုျဖစ္သူကို တိုက္ဆိုင္မႈေတြရိွလာတိုင္း သတိရေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သြားေလသူေဒြးကို အခုခ်ိန္ထိ သတိတရရိွေနဦးမယ္လို့ ေမွ်ာ္လင့္ပါတယ္။
Read in UNICODE
ဒွေးကတော့ အခုဆိုရင် ကွယ်လွန်သွားတာ ဆယ်စုနှစ်တစ်စုစာရှိပြီဆိုပေမယ့် သူ့ရဲ့ နာမည်ကတော့ ဒီနေ့ဒီအချိန်ထိ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။ ဒွေးကို ချစ်ကြတဲ့ ပရိသတ်တွေက ဒွေးကို ဒီနေ့ဒီအချိန်ထိ သတိတရရှိနေသေးသလို ဒွေးရဲ့ ညီအရင်းဖြစ်သူ

သားညီကလည်း ဒွေးနဲ့ တပူးပူးတတွဲတွဲ အမြဲတမ်းရှိခဲ့သူမို့ ဒွေးကို ဒီနေ့ဒီအချိန်ထိ တမ်းတနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သားညီက အစ်ကိုဖြစ်သူနဲ့ အမှတ်တရဓာတ်ပုံလေးကိုကြည့်ပြီး သတိတရရှိနေတာပဲ ဖြစ်ပါတယ်။ သားညီက “သရုပ်ဆောင်၊ လက်ထောက်

မော်နီတာကြည့်၊ လက်ထောက် ဇာတ်ညွှန်းကူးရေး၊ လက်ထောက်၊ မန်နေဂျာလွယ်အိတ်ကူလွယ်၊ ရိုက်ကွင်းတောက်တိုမယ်ရ အော်လံကိုင်၊ လူရှင်း၊ ဒါရိုက်တာ ထမင်းပို့ တာဝန်များ ထမ်းဆောင်ခဲ့သော ဒါရိုက်တာ ဒွေး ရဲ့ “မာန်ရဲ့ဒါဏ်

” DVD ဇာတ်ကား ရိုက်ကွင်း” ဆိုပြီး အစ်ကိုဖြစ်သူရဲ့ ရှုတင်မှာ အောက်ခြေသိမ်းကအစ လုပ်ကိုင်ခဲ့ရကြောင်း ပြောပြထားပါတယ်။ သားညီကတော့ သွားလေသူအစ်ကိုဖြစ်သူကို တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သွားလေသူဒွေးကို အခုချိန်ထိ သတိတရရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်။
Source : Thar Nyi’s Facebook