မင်းသမီးကြီး ဝါဝါအောင်ကို အိမ်တိုင်ရာရောက်သွားကန်တော့ပြီး ခိုတောင်မုန့်တီတွေပါ အားပေးခဲ့ကြတဲ့ ဘုန်းရှိန်ခန့် နဲ့ ကျော်ထက်ဇော်
Read in UNICODE
MRTV-4ရဲ့ လူသိများကျော်ကြားပြီး ပရိတ်သတ်အားပေးမှုအများအပြားရရှိကြတဲ့ မင်းသားချောလေးများထဲတွင် ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်တို့လည်းအပါအဝင်ဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးလုံးရဲ့ဇာတ်လမ်းတွဲတွေဟာဆိုရင်လည်း
ပရိတ်သတ်အများစုအားပေးလက်ခံကြတဲ့ ဇာတ်ကားကောင်းတွေလည်းဖြစ်ပါတယ်။ေ ကျာ်ထက်ဇော်နဲ့ဘုန်းရှိန်ခန့်ဟာ သူငယ်ချင်းကောင်းတွေလည်းဖြစ်ကြပြီး အတူသွားအတူစားနေကြတဲ့ မိတ်ဆွေတွေလည်းဖြစ်ကြပါတယ်။ အနုပညာနယ်ပယ်ဘက်မှာလည်း
အောင်မြင်မှုအသီးသီးရရှိထားကြတဲ့ သူတို့နှစ်ဦးလုံးကိုပရိတ်သတ်ကြီးလည်း ချစ်ခင်အားပေးကြတယ်မလား။ မကြာသေးမီကလည်း သူတို့နှစ်ဦးဟာ မင်းသမီးဝါဝါအောင်ရဲ့ခိုတောင်မုန့်တီကို သွားရောက်အားပေးခဲ့ကြပါသေးတယ်နော်။ သူတို့
နှစ်ဦးလာရောက်အားပေးခဲ့တဲ့အကြောင်းကို ဝါဝါအောင်ဟာ သူမရဲ့Facebookစာမျက်နှာတွင် “ခိုထောင်မုန့်တီကိုအိမ်တိုင်ရာရောက် လာအားပေးပြီးကန်တော့သွားကြတယ်မိသားစုနဲ့လဲစိတ်ရှည်လက်ရှည်ဓါတ်ပုံတွေအများကြီးရိုက်ပေးသွားကြတဲ့
မာမီ့သားကျော်ထက်ဇော်နဲ့မေမေ့သားဘုန်းရှိန်ခန့်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီထက်ပိုပြီးအောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်ကြပါစေလို့ မာမီမေမေက ဆုတောင်းပေးပါတယ်” ဆိုပြီးရေးသားထားပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Wah Wah Aung’s Facebook | Reference & Credit : MMload.com
Add a Comment
Your email address will not be published. Required fields are marked *