အစားအေသာက္ခက္ခဲေနတဲ့ တိရစၧာန္ေလးေတြအတြက္ ထီ(၅)ေသာင္းဆုေပါက္တဲ့ ပိုက္ဆံအကုန္ လွဴဒါန္းခဲ့တယ္ဆိုတဲ့ မ်ိဳးမ်ိဳးခိုင္

သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္ဟာ COVID-19 ကာလမွာ တိရစာၦန္ေလးေတြရဲ႕ စားဝတ္ေနေရးအတြက္ အလႉအတန္းေလးေတြ လုပ္ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ သူမနဲ႔ အတူ အႏုပညာရွင္ေတြကလည္း ပါဝင္ လႉဒါန္းေပးၾကတယ္လို႔ ေျပာျပလာပါတယ္။ “ Covid ကာလမွာ ေမ်ာက္ေတြေရာ၊ ေခြးေတြေရာ အစာေကြၽးမယ့္လူက မရွိဘူး။ ပုပၸါးမွာဆိုရင္ ဘုရားဖူးေတြကိုလည္း လက္မခံဘူး၊ ေဈးဆိုင္ေတြကလည္း မဖြင့္ဘူး၊ ၿမိဳ႕ထဲေတြကိုလည္း အလာမခံဘူးဆိုေတာ့ ေမ်ာက္ေတြ

အကုန္လုံးက ငတ္တာ။ သူတို႔ကို ေကြၽးမယ့္လူ မရွိေတာ့ ကိုယ္ထီ(၅)ေသာင္းေပါက္တုန္းက အကုန္လႉခဲ့တယ္။ အခုဆိုရင္ စမိုင္းလ္၊ စံရတီမိုးျမင့္၊ ေအးျမတ္သူ၊ သင္ဇာဝင့္ေက်ာ္၊ ကိုခန႔္စည္သူတို႔ကလည္း အၿမဲတမ္း ေဘးကေနၿပီးေတာ့ ကမကထ လုပ္ၿပီး လႉေပးၾကပါတယ္” လို႔ သူက ဆိုပါတယ္။ လမ္းေဘးေခြးေတြကိုလည္း မၾကာခဏ အစာေကြၽးျဖစ္တယ္လို႔ မ်ိဳးမ်ိဳးခိုင္က ေျပာပါတယ္။ Covid ကာလမွာ လူေတြထက္ တိရစာၦန္ေလးေတြက စားေသာက္ရတာ ပိုခက္ခဲတယ္လို႔လည္း သူကဆိုပါတယ္။ “ ညဘက္ေတြဆိုရင္ ေယာက်ၤားနဲ႔အတူ အိမ္မွာ ၾကက္ေခါင္းေတြျပဳတ္၊

အိတ္ေတြနဲ႔ ထည့္ၿပီးေတာ့ လိုက္ေကြၽးတယ္။ Mask တပ္၊ လက္အိတ္ေတြ စြပ္ရတာေပါ့။ ၿပီးရင္ အမႈိက္ေတြ ျပန္သိမ္းတယ္။ ထမင္း မေကြၽးႏိုင္တဲ့ အခါေတြဆိုရင္ ေက်ာက္ေျမာင္းထဲက ၾကက္ကင္ေတြ ဝယ္ၿပီး လိုက္ေကြၽးတာေပါ့။ ခိုေလး ေတြဆိုရင္လည္း ပဲေတြခ်ေကြၽးတယ္။ က်ီးကန္းေတြဆိုရင္လည္း ၾကက္အူေတြ၊ ကလီစာေတြ ခ်ေကြၽး သူတို႔ခဗ်ာ အားရပါးရ တိုးႀကိတ္ၿပီးစားရရွာတယ္။ ဘယ္ေလာက္ေတာင္ ငတ္ေနမလဲဆိုတာ ေတြးၿပီး စိတ္မေကာင္းျဖစ္ရတယ္။ လူေတြက ရွာစားႏိုင္တယ္၊ တိရစာၦန္ေလးေတြကိုက ပိုက္ဆံသြားေပးလည္း

ဝယ္မစားႏိုင္ဘူးေလ။ ဒါေၾကာင့္ Covid ကာလမွာ တိရစာၦန္ေလးေတြ အတြက္ အဓိက ထားၿပီး အလႉေတြ လုပ္ျဖစ္တယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ မ်ိဳးမ်ိဳးခိုင္ကိုေတာ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာပါ။ ေပးလာတဲ့ ဇာတ္ေကာင္ကာ႐ိုက္တာကိုလည္း ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ႏွစ္ေပါင္း(၃၀) ေက်ာ္အထိ ပိုင္ဆိုင္ထားႏိုင္တဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူမရဲ႕ သမီးေလး ျမင့္ျမတ္ေသာ္တာကေတာ့ “ဆယ္လီ” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ တီဗီေၾကာ္ျငာေတြလည္း႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။

Read in UNICODE

သရုပ်ဆောင် မျိုးမျိုးခိုင်ဟာ COVID-19 ကာလမှာ တိရစ္ဆာန်လေးတွေရဲ့ စားဝတ်နေရေးအတွက် အလှူအတန်းလေးတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူမနဲ့ အတူ အနုပညာရှင်တွေကလည်း ပါဝင် လှူဒါန်းပေးကြတယ်လို့ ပြောပြလာပါတယ်။ “ Covid ကာလမှာ မျောက်တွေရော၊ ခွေးတွေရော အစာကျွေးမယ့်လူက မရှိဘူး။ ပုပ္ပါးမှာဆိုရင် ဘုရားဖူးတွေကိုလည်း လက်မခံဘူး၊ ဈေးဆိုင်တွေကလည်း မဖွင့်ဘူး၊ မြို့ထဲတွေကိုလည်း အလာမခံဘူးဆိုတော့ မျောက်တွေ

အကုန်လုံးက ငတ်တာ။ သူတို့ကို ကျွေးမယ့်လူ မရှိတော့ ကိုယ်ထီ(၅)သောင်းပေါက်တုန်းက အကုန်လှူခဲ့တယ်။ အခုဆိုရင် စမိုင်းလ်၊ စံရတီမိုးမြင့်၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ ကိုခန့်စည်သူတို့ကလည်း အမြဲတမ်း ဘေးကနေပြီးတော့ ကမကထ လုပ်ပြီး လှူပေးကြပါတယ်” လို့ သူက ဆိုပါတယ်။ လမ်းဘေးခွေးတွေကိုလည်း မကြာခဏ အစာကျွေးဖြစ်တယ်လို့ မျိုးမျိုးခိုင်က ပြောပါတယ်။ Covid ကာလမှာ လူတွေထက် တိရစ္ဆာန်လေးတွေက စားသောက်ရတာ ပိုခက်ခဲတယ်လို့လည်း သူကဆိုပါတယ်။ “ ညဘက်တွေဆိုရင် ယောင်္ကျားနဲ့အတူ အိမ်မှာ ကြက်ခေါင်းတွေပြုတ်၊

အိတ်တွေနဲ့ ထည့်ပြီးတော့ လိုက်ကျွေးတယ်။ Mask တပ်၊ လက်အိတ်တွေ စွပ်ရတာပေါ့။ ပြီးရင် အမှိုက်တွေ ပြန်သိမ်းတယ်။ ထမင်း မကျွေးနိုင်တဲ့ အခါတွေဆိုရင် ကျောက်မြောင်းထဲက ကြက်ကင်တွေ ဝယ်ပြီး လိုက်ကျွေးတာပေါ့။ ခိုလေး တွေဆိုရင်လည်း ပဲတွေချကျွေးတယ်။ ကျီးကန်းတွေဆိုရင်လည်း ကြက်အူတွေ၊ ကလီစာတွေ ချကျွေး သူတို့ခဗျာ အားရပါးရ တိုးကြိတ်ပြီးစားရရှာတယ်။ ဘယ်လောက်တောင် ငတ်နေမလဲဆိုတာ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ လူတွေက ရှာစားနိုင်တယ်၊ တိရစ္ဆာန်လေးတွေကိုက ပိုက်ဆံသွားပေးလည်း

ဝယ်မစားနိုင်ဘူးလေ။ ဒါကြောင့် Covid ကာလမှာ တိရစ္ဆာန်လေးတွေ အတွက် အဓိက ထားပြီး အလှူတွေ လုပ်ဖြစ်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို နှစ်ပေါင်း(၃၀) ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ သမီးလေး မြင့်မြတ်သော်တာကတော့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *