ခရီးသြားရင္း ေတာမီးေလာင္ေနတာေတြ႕လို႔ ကူညီ မီးၿငိမ္းေပးခဲ့တယ္ဆိုတဲ့ ေလးစားဖို႔ေကာင္းလြန္းတဲ့ ေနထူးႏိုင္ရဲ႕ လုပ္ရပ္

ေနထူးႏိုင္ကေတာ့ ပရဟိတစိတ္အျပည့္နဲ႔ ကူညီေလ့ရွိသူတစ္ေယာက္မို႔ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူပါ။ Covid-19 ကာလမွာလည္း တတ္ႏိုင္သမွ်လႉဒါန္းေနတဲ့အျပင္ ေရနံေခ်ာင္းၿမိဳ႕က သူ႔ရဲ႕႐ုပ္ရွင္ၿခံကိုလည္း Quarantine ဝင္မယ့္သူေတြ အသုံးျပဳခြင့္ေပးထားပါေသးတယ္။ ဒါ့အျပင္

အပူပိုင္းေဒသေတြ အပူေလ်ာ့က်ဖို႔နဲ႔ ကမာၻႀကီးစိမ္းလန္းစိုေျပဖို႔အတြက္ ႏွစ္စဥ္ႏွစ္တိုင္း သစ္ပင္စိုက္ပ်ိဳးဖို႔လည္း စဥ္ဆက္မျပတ္ႀကိဳးစားေနသူပါ။ ဒီႏွစ္မွာေတာ့ တစ္ေနရာနဲ႔ တစ္ေနရာလည္း သြားလာဖို႔မလြယ္ကူခဲ့တာေၾကာင့္ ေဒသခံေတြကိုပဲ သစ္ပင္စိုက္ဖို႔ Challenge ေခၚခဲ့ၿပီး ဆုခ်ီးျမင့္မယ့္ အစီအစဥ္ေလးတစ္ခုျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္

သူ႔ကိုယ္တိုင္လည္း သစ္ပင္စိုက္ဖို႔အားသန္သူပီပီ မေန႔ကေတာ့ ပခုကၠဴၿမိဳ႕မွာ သစ္ပင္စိုက္ပ်ိဳးဖို႔ ေျမေနရာသြားေရာက္ၾကည့္ရႈခဲ့ပါတယ္တဲ့ ပရိသတ္ႀကီးေရ… ပခုကၠဴသြားရင္း လမ္းမွာ မထင္မွတ္ဘဲ ေတာမီးေလာင္တာကို ေတြ႕ရွိခဲ့တာေၾကာင့္ သူကိုယ္တိုင္

လုပ္အားေပးကူညီၿပီး ၿငိမ္းသတ္ခဲ့ရပါတယ္တဲ့.. သစ္ပင္စိုက္ဖို႔ သြားတဲ့သူေရွ႕မွာမွ သစ္ပင္ေတြကို အျပတ္ျဖဳတ္ဖို႔ေလာင္ေနတဲ့ ေတာမီးကိုေတာ့ ေနထူးႏိုင္က လမ္းသြားရင္း မေနသာေတာ့ဘဲ ဝင္ေရာက္ၿငိမ္းသတ္ခဲ့ေၾကာင္း မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။ ၻပရိသတ္ႀကီးေရ ေနထူးႏိုင္ရဲ႕ ပရဟိတစိတ္ကေတာ့ ေလးစားစရာပါပဲေနာ္။

Read in UNICODE

နေထူးနိုင်ကတော့ ပရဟိတစိတ်အပြည့်နဲ့ ကူညီလေ့ရှိသူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ Covid-19 ကာလမှာလည်း တတ်နိုင်သမျှလှူဒါန်းနေတဲ့အပြင် ရေနံချောင်းမြို့က သူ့ရဲ့ရုပ်ရှင်ခြံကိုလည်း Quarantine ဝင်မယ့်သူတွေ အသုံးပြုခွင့်ပေးထားပါသေးတယ်။ ဒါ့အပြင်

အပူပိုင်းဒေသတွေ အပူလျော့ကျဖို့နဲ့ ကမ္ဘာကြီးစိမ်းလန်းစိုပြေဖို့အတွက် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပျိုးဖို့လည်း စဉ်ဆက်မပြတ်ကြိုးစားနေသူပါ။ ဒီနှစ်မှာတော့ တစ်နေရာနဲ့ တစ်နေရာလည်း သွားလာဖို့မလွယ်ကူခဲ့တာကြောင့် ဒေသခံတွေကိုပဲ သစ်ပင်စိုက်ဖို့ Challenge ခေါ်ခဲ့ပြီး ဆုချီးမြင့်မယ့် အစီအစဉ်လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်

သူ့ကိုယ်တိုင်လည်း သစ်ပင်စိုက်ဖို့အားသန်သူပီပီ မနေ့ကတော့ ပခုက္ကူမြို့မှာ သစ်ပင်စိုက်ပျိုးဖို့ မြေနေရာသွားရောက်ကြည့်ရှုခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… ပခုက္ကူသွားရင်း လမ်းမှာ မထင်မှတ်ဘဲ တောမီးလောင်တာကို တွေ့ရှိခဲ့တာကြောင့် သူကိုယ်တိုင်

လုပ်အားပေးကူညီပြီး ငြိမ်းသတ်ခဲ့ရပါတယ်တဲ့.. သစ်ပင်စိုက်ဖို့ သွားတဲ့သူရှေ့မှာမှ သစ်ပင်တွေကို အပြတ်ဖြုတ်ဖို့လောင်နေတဲ့ တောမီးကိုတော့ နေထူးနိုင်က လမ်းသွားရင်း မနေသာတော့ဘဲ ဝင်ရောက်ငြိမ်းသတ်ခဲ့ကြောင်း မျှဝေခဲ့တာပဲဖြစ်ပါတယ်။ ္ဘပရိသတ်ကြီးရေ နေထူးနိုင်ရဲ့ ပရဟိတစိတ်ကတော့ လေးစားစရာပါပဲနော်။

Source : Nay Htoo Naing’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *