ဇာတ္ကားေတြလည္း မ႐ိုက္ရသလို ေဈးေရာင္းဖို႔လည္း အဆင္မေျပတာေၾကာင့္ မိသားစု စားဝတ္ေနေရး အခက္အခဲႀကဳံေနရတယ္ဆိုတဲ့ ရဲေလးမ

ဇာတ္ပို႔သ႐ုပ္ေဆာင္ ရဲေလးမကေတာ့ မိသားစု စားဝတ္ေနေရးအတြက္ မုန႔္ဟင္းခါး ေရာင္းေနရသူျဖစ္ပါတယ္။ သူ ေဈးေရာင္းတဲ့ ေနရာေလးမွာ ေျမာင္းေဖာ္ေနတဲ့အတြက္ ေဈးေရာင္းတာလည္း ရပ္ထားရတယ္လို႔ ေျပာျပလာပါတယ္။ “ ေျမာင္းကေတာ့ ရပ္ကြက္က လုပ္တာပါ။ မိုးတြင္းႀကီး မလုပ္ေလာက္ဘူးထင္ၿပီး ေနေနတာဆိုေပမယ့္ သူတို႔က ဖယ္ခိုင္းေတာ့လည္း ဖယ္ေနရေတာ့ အခက္အခဲေလးေတြ ရွိပါတယ္။ အစ္ကိုေနတဲ့ အခန္းေလးဆိုတာကလည္း ေျမာင္းႏႈတ္ခမ္းကို

ႏွစ္ဖက္ခြ ေဆာက္ထားတာဆိုေတာ့ အေခြဆိုင္ေလးေရာ၊ မုန႔္ဟင္းခါးဆိုင္ေလးလည္း တြဲဖြင့္ထားတာဆိုေတာ့ အခု ဖ်က္လိုက္ရတာေပါ့။ အခုေလာေလာဆယ္ေတာ့ ဓမၼာ႐ုံမွာ ခဏလာၿပီး တည္းခိုေနရတာေပါ့” လို႔ သူကဆိုပါတယ္။ Covid-19 ေၾကာင့္ အႏုပညာရွင္ေတြလည္း အလုပ္ေတြ ရပ္နားေနတာ ေတြ႕ရပါတယ္။ ေဈးေရာင္းလို႔လည္း မရတာေၾကာင့္ မိသားစု စားဝတ္ေနေရးကို အဆင္ေျပသလို ျဖတ္သန္းေနတယ္လို႔ ရဲေလးမက ေျပာပါတယ္။ “ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကတည္းက

အစ္ကိုတို႔ ကား႐ိုက္တာေလးေတြက ပ်က္သြားတာကိုး။ အဲဒီကတည္းက ေဈးေလးေရာင္းေတာ့ နည္းနည္း အဆင္ေျပသြားတယ္။ အခု Covid က ဒီလို ျဖစ္တယ္ဆို ေတာ့ Order ေတြက နည္းနည္းက်သြားတယ္။ Covid ကာလမွာ အစ္ကိုတို႔လည္း ေတာ္ေတာ္ေလးကို ဒုကၡေရာက္သြားတာပါ။ အရင္တုန္းက ရတဲ့ဟာေလးေတြကို စုၿပီး အစ္ကို ဆြဲႀကိဳးလုပ္ထားတယ္။ ဒါကလည္း ရွိတန္ဆာ၊ မရွိဝမ္းဆာေလ။ အခုေလာေလာဆယ္ေတာ့ အဆင္ေျပသလိုေလးပဲ ၾကည့္လုပ္ရတာေပါ့ေနာ္။ ေျမာင္း

လုပ္ၿပီးသြားရင္လည္း ဆိုင္ေလး ျပန္လုပ္ဖို႔အတြက္ ေက်ာက္ျပားဝယ္ရမွာနဲ႔ အကုန္ ျပန္လုပ္ရမွာဆိုေတာ့ ေတာ္ေတာ္ေလး ႀကိဳးစားရဦးမွာေပါ့ေလ” လို႔ သူက ဆိုပါတယ္။ ရဲေလးမကိုေတာ့ ေဒၚထားအဖြဲ႕က ဇာတ္ပို႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္႐ုပ္ေတြ ပီျပင္လြန္းတာ ေၾကာင့္လည္း ပရိသတ္အခ်စ္ကို ရရွိပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနရတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ ၁၀ စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမကတော့ မိသားစု စားဝတ်နေရေးအတွက် မုန့်ဟင်းခါး ရောင်းနေရသူဖြစ်ပါတယ်။ သူ ဈေးရောင်းတဲ့ နေရာလေးမှာ မြောင်းဖော်နေတဲ့အတွက် ဈေးရောင်းတာလည်း ရပ်ထားရတယ်လို့ ပြောပြလာပါတယ်။ “ မြောင်းကတော့ ရပ်ကွက်က လုပ်တာပါ။ မိုးတွင်းကြီး မလုပ်လောက်ဘူးထင်ပြီး နေနေတာဆိုပေမယ့် သူတို့က ဖယ်ခိုင်းတော့လည်း ဖယ်နေရတော့ အခက်အခဲလေးတွေ ရှိပါတယ်။ အစ်ကိုနေတဲ့ အခန်းလေးဆိုတာကလည်း မြောင်းနှုတ်ခမ်းကို

နှစ်ဖက်ခွ ဆောက်ထားတာဆိုတော့ အခွေဆိုင်လေးရော၊ မုန့်ဟင်းခါးဆိုင်လေးလည်း တွဲဖွင့်ထားတာဆိုတော့ အခု ဖျက်လိုက်ရတာပေါ့။ အခုလောလောဆယ်တော့ ဓမ္မာရုံမှာ ခဏလာပြီး တည်းခိုနေရတာပေါ့” လို့ သူကဆိုပါတယ်။ Covid-19 ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေ ရပ်နားနေတာ တွေ့ရပါတယ်။ ဈေးရောင်းလို့လည်း မရတာကြောင့် မိသားစု စားဝတ်နေရေးကို အဆင်ပြေသလို ဖြတ်သန်းနေတယ်လို့ ရဲလေးမက ပြောပါတယ်။ “ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက

အစ်ကိုတို့ ကားရိုက်တာလေးတွေက ပျက်သွားတာကိုး။ အဲဒီကတည်းက ဈေးလေးရောင်းတော့ နည်းနည်း အဆင်ပြေသွားတယ်။ အခု Covid က ဒီလို ဖြစ်တယ်ဆို တော့ Order တွေက နည်းနည်းကျသွားတယ်။ Covid ကာလမှာ အစ်ကိုတို့လည်း တော်တော်လေးကို ဒုက္ခရောက်သွားတာပါ။ အရင်တုန်းက ရတဲ့ဟာလေးတွေကို စုပြီး အစ်ကို ဆွဲကြိုးလုပ်ထားတယ်။ ဒါကလည်း ရှိတန်ဆာ၊ မရှိဝမ်းဆာလေ။ အခုလောလောဆယ်တော့ အဆင်ပြေသလိုလေးပဲ ကြည့်လုပ်ရတာပေါ့နော်။ မြောင်း

လုပ်ပြီးသွားရင်လည်း ဆိုင်လေး ပြန်လုပ်ဖို့အတွက် ကျောက်ပြားဝယ်ရမှာနဲ့ အကုန် ပြန်လုပ်ရမှာဆိုတော့ တော်တော်လေး ကြိုးစားရဦးမှာပေါ့လေ” လို့ သူက ဆိုပါတယ်။ ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *