မှော်ဘီ ဆပ်တောကျေးရွာမှာ အလှူသွားလုပ်ခဲ့တဲ့ အမှတ်တရပုံလေးတွေ မျှဝေခဲ့တဲ့ ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲ
Read in UNICODE
နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး ခင်လှိုင်က သူ့ရဲ့ အနုပညာအမွေကို ဆက်ခံတဲ့ သားကြီး နေရဲနဲ့ သမီးလေး သဇင်ထူးမြင့်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတာ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ သားအလတ်ဖြစ်သူ နေရဲကတော့ အနုပညာလောကထဲမှာ
နေရာတစ်နေရာရရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခင်လှိုင်လိုပဲ နေရဲကိုလည်း ချစ်ခင်စွာနဲ့ အားပေးကြတာကို တွေ့ရပါတယ်။ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလေ့ရှိတဲ့
ခင်လှိုင်တို့ မိသားစုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှာ အလှူကြီးတစ်ခုကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေရဲကလည်း မိသားစုအလှူလေးမှာ လုပ်အားဒါနနဲ့ ကုသိုလ်ဝင်ယူခဲ့တာကို
တွေ့ရပါတယ်။နေရဲကတော့ မိဘတွေနဲ့အတူတူ ကောင်းမှုကုသိုလ်တွေ မကြာခဏပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းသားချော နေရဲရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ပေးကြပါဦးနော်။
Source : Nay Ye’s Facebook
Add a Comment
Your email address will not be published. Required fields are marked *