ချစ်ဇနီးလေးနဲ့ သမီးလေး(၃)ယောက်ဟာ သူ့ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းများပါဆိုတဲ့ အာဘွိုင်း
Read in UNICODE
Rap သီချင်းတွေကို သီဆိုတဲ့ အဆိုတော် Ah Boy ဟာ အခုဆိုရင် သီချင်းတွေ လုံးဝမဆိုတော့ပေမယ့် ဇနီးလေး မြတ်ရတနာကျော်နဲ့အတူတူ Vlog လေးတွေ ရိုက်ရင်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲပါပဲ။ Ah Boy က စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစားပေးလုပ်ကိုင်နေသလို
သူ့ရဲ့ မိသားစုလေးကိုလည်း ပျော်ရွှင်အေးချမ်းအောင် တည်ဆောက်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Ah Boy က သမီးလေးသုံးယောက်နဲ့ ဘဝရဲ့ပဲ့ကိုင်ရှင် ဇနီးချောလေးရဲ့ ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ
မျှဝေထားရင်း “ချစ်ရတာထက်ကိုပိုသော… ကျနော့်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းများ” ဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။ Ah Boy ကတော့ သူ့ရဲ့ မိသားစုလေးကို ဘယ်လောက်ချစ်ကြောင်း ဓာတ်ပုံလေးတွေက သက်သေပါပဲ။ ဖေဖေ Ah Boy
ကတော့ ဇနီးလေးနဲ့ သမီးသုံးယောက် ပြီးပြည့်စုံအောင်နေရဖို့ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ Ah Boy တို့ မိသားစုလေး ဒီထက်မက စိတ်ချမ်းသာ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Kyaw Phyo Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *