တစ္ႏိုင္တစ္ပိုင္ေလး ေစ်းေရာင္းၿပီး စီးပြားရွာေနၾကတဲ့ အႏုပညာေမာင္ႏွမေတြအတြက္ ဂုဏ္ယူပါတယ္ဆိုတဲ့ ေအးေအးခိုင္

ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအးေအးခိုင္ ကေတာ့ Covid ကာလမွာ စီးပြားေရးလုပ္ေနၾကတဲ့ အႏုပညာေမာင္ႏွမေတြကို ၾကည့္ရင္း ပီတိျဖစ္ရတယ္ဆိုတာကို ေျပာျပလာပါတယ္။ “ Covid ကာလမွာ အစ္မကေတာ့ ဘာစီးပြားေရးမွ မလုပ္ရေသးပါဘူး။ တကယ္ဆိုရင္ေတာ့ လုပ္သင့္ပါတယ္။ ကိုယ္ေတြက ဝင္ေငြမရွိဘူး ထြက္ေငြေတြပဲ ရွိတယ္ေလ။ သူငယ္ခ်င္းေတြကလည္း သူတို႔ တစ္ႏိုင္တစ္ပိုင္ လုပ္ႏိုင္တဲ့ အားေလးနဲ႔ ေဈးေရာင္းေနၾကတာ ဂုဏ္ယူတယ္။ ပီတိလည္းျဖစ္တယ္၊ သမာအာဇီဝ

က်က် လုပ္စားတာ ျဖစ္တဲ့အတြက္ ဝမ္းသာတယ္။ ႐ုပ္ရွင္သမားက ႐ုပ္ရွင္မ႐ိုက္ရေတာ့ ဘာလုပ္စားၾကမွာလဲေပါ့” လို႔ သူကဆိုပါတယ္။ Covid ကာလမွာ အႏုပညာရွင္ေတြက ဇာတ္ကားေတြ မ႐ိုက္ရတာေၾကာင့္ ဝင္ေငြ မရွိၾကဘူးလို႔ ေအးေအးခိုင္ ကေျပာပါတယ္။ သူမကိုယ္တိုင္လည္း စီးပြားေရးလုပ္ခ်င္တဲ့ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။ “ အစားအေသာက္ ဆိုတာက လုပ္ရင္ လက္ဝင္တယ္၊ ပင္ပန္းတယ္။ မိသားစုအတြက္

အဆင္ေျပတယ္ ဆိုေပမယ့္ အလုပ္ေတာ့ နည္းနည္းရႈပ္တယ္။ ဒီပုံစံ ႀကီးအတိုင္း ေရွ႕ဆက္သြားဦးမယ္ဆိုရင္ စီးပြားေရး တစ္ခုခု လုပ္ဖို႔ကေတာ့ စဥ္းစားရမွာေပါ့ေနာ္။ စီးပြားေရးကလည္း မလုပ္လို႔ မရေတာ့ဘူး ဝင္ေငြေတြလည္း မရွိဘူး။ အခက္အခဲကေတာ့ ကိုယ္ေျပာျပလည္း အကုန္လုံးက ဒီအတိုင္းပါပဲ။ အားလုံးက ထပ္တူဆိုေတာ့ ကိုယ္ေနတတ္သလို ေန၊ ကိုယ့္ဘာသာကိုယ္

အဆင္ေျပေအာင္ ေနရတာပါပဲေလ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေအးေအးခိုင္ကေတာ့ ဟာသသ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြမွာပါဝင္ၿပီး ပရိသတ္အားေပးမႈ စတင္ရရွိလာခဲ့သူပါ။ သူ႔မွာေတာ့ ဉာဏ္ေသြးဟန္ ဆိုတဲ့ သားေလးတစ္ေယာက္ရွိပါတယ္။ သားေလး ၆ ႏွစ္အ႐ြယ္ကတည္းက ခင္ပြန္းျဖစ္သူ ကြယ္လြန္ခဲ့တာေၾကာင့္ မိခင္တစ္ေယာက္တည္း အင္အားနဲ႔ ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ သားျဖစ္သူ ဉာဏ္ေသြးဟန္ကလည္း ပညာေရးမွာ ထူးခြၽန္သူတစ္ေယာက္ ျဖစ္ပါတယ္။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင် ကတော့ Covid ကာလမှာ စီးပွားရေးလုပ်နေကြတဲ့ အနုပညာမောင်နှမတွေကို ကြည့်ရင်း ပီတိဖြစ်ရတယ်ဆိုတာကို ပြောပြလာပါတယ်။ “ Covid ကာလမှာ အစ်မကတော့ ဘာစီးပွားရေးမှ မလုပ်ရသေးပါဘူး။ တကယ်ဆိုရင်တော့ လုပ်သင့်ပါတယ်။ ကိုယ်တွေက ဝင်ငွေမရှိဘူး ထွက်ငွေတွေပဲ ရှိတယ်လေ။ သူငယ်ချင်းတွေကလည်း သူတို့ တစ်နိုင်တစ်ပိုင် လုပ်နိုင်တဲ့ အားလေးနဲ့ ဈေးရောင်းနေကြတာ ဂုဏ်ယူတယ်။ ပီတိလည်းဖြစ်တယ်၊ သမာအာဇီဝ

ကျကျ လုပ်စားတာ ဖြစ်တဲ့အတွက် ဝမ်းသာတယ်။ ရုပ်ရှင်သမားက ရုပ်ရှင်မရိုက်ရတော့ ဘာလုပ်စားကြမှာလဲပေါ့” လို့ သူကဆိုပါတယ်။ Covid ကာလမှာ အနုပညာရှင်တွေက ဇာတ်ကားတွေ မရိုက်ရတာကြောင့် ဝင်ငွေ မရှိကြဘူးလို့ အေးအေးခိုင် ကပြောပါတယ်။ သူမကိုယ်တိုင်လည်း စီးပွားရေးလုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ “ အစားအသောက် ဆိုတာက လုပ်ရင် လက်ဝင်တယ်၊ ပင်ပန်းတယ်။ မိသားစုအတွက်

အဆင်ပြေတယ် ဆိုပေမယ့် အလုပ်တော့ နည်းနည်းရှုပ်တယ်။ ဒီပုံစံ ကြီးအတိုင်း ရှေ့ဆက်သွားဦးမယ်ဆိုရင် စီးပွားရေး တစ်ခုခု လုပ်ဖို့ကတော့ စဉ်းစားရမှာပေါ့နော်။ စီးပွားရေးကလည်း မလုပ်လို့ မရတော့ဘူး ဝင်ငွေတွေလည်း မရှိဘူး။ အခက်အခဲကတော့ ကိုယ်ပြောပြလည်း အကုန်လုံးက ဒီအတိုင်းပါပဲ။ အားလုံးက ထပ်တူဆိုတော့ ကိုယ်နေတတ်သလို နေ၊ ကိုယ့်ဘာသာကိုယ်

အဆင်ပြေအောင် နေရတာပါပဲလေ” လို့ ဆက်လက် ပြောပြလာပါတယ်။အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *