အရွယ်နဲ့ မလိုက်အောင် တတ်လွန်းတဲ့ မြေးလေး Liam ကို အရမ်းတွေချစ်နေတဲ့ အဖိုးဖြစ်သူ လွင်မိုး
Read in UNICODE
သရုပ်ဆောင်မင်းသားကြီး ဦးလွင်မိုးကတော့ ဒီနေက ဇွန်လ (၂)ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မြေးလေး Liam ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကိုဖော်ပြလာခဲ့ပါတယ်။ Liam လေးကတော့ (၂)နှစ်သားအရွယ်သာရှိသေးပေမဲ့
အရွယ်နဲ့မလိုက်အောင် တတ်လွန်းလှတာကြောင့် ပရိသတ်တွေကပါ အချစ်ပိုနေခဲ့ရပါသေးတယ်။ လတ်တလောမှာလည်း သားသားလေး Liamက စာတွေရေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ဖိုးဖိုးလွင်မိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ
ကနေဖော်ပြလာခဲ့တာပါ။ဗီဒီယိုထဲမှာတော့ Liam လေးက လေးကစားတဲ့ ခဲတံကိုကျကျနနကိုင်ကာ စာတွေရေးနေခဲ့ပြီး ဖိုးဖိုးလွင်မိုးကတော့ သဘောကျစွာနဲ့ “ကျွန်တော်မြေးက စာတွေရေးနေပါပြီဗျာ”လို့ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပါးစပ်နေပြီးတော့
စာတွေဆိုပြီး လက်ကစာတွေရေးနေတဲ့ Liam ကိုတော့ ဖိုးဖိုးလွင်မိုးကိုယ်တိုင်အပြင် ပရိသတ်တွေကပါ သဘောကျနှစ်သက်ပြီး ချစ်စရာကောင်းကြောင်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း Liam လေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။
Source : Lwin Moe’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *