ေမြးေန႔အေနနဲ႔ ရန္ကုန္တစ္ၿမိဳ႕လံုးပတ္ၿပီး ေနရာ(၁၀)ေနရာမွာ အလွဴအတန္းေတြ ျပဳလုပ္ခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္း

လူေလးခ်စ္စရာေကာင္းရံုသာမက သီခ်င္းဆိုပါေကာင္းတဲ့ ဆရာဝန္ အနုပညာရွင္မေလး နန္းျမတ္ျဖိဳးသင္းက အခုဆိုရင္ အိမ္ေထာင္က်ျပီး ခ်စ္စရာေကာင္းတဲ့ သားသားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားျပီ ျဖစ္ပါတယ္။ နန္းျမတ္ျဖိဳးသင္းက အိမ္ေထာင္က်ျပီး ကေလးေမေမတစ္ေယာက္ျဖစ္ေနျပီဆိုေပမယ့္

သူမ ျမတ္နုိးဝါသနာပါတဲ့ အနုပညာလုပ္ငန္းေတြကိုေတာ့ အခုခ်ိန္ထိတိုင္ တစိုက္မတ္မတ္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ဒီကေန့ ဇြန္လ (၂) ရက္ေန့ကေတာ့ နန္းျမတ္ျဖိဳးသင္းရဲ့ ေမြးေန့ေလးျဖစ္ျပီး နန္းျမတ္ျဖိဳးသင္းက သူမရဲ့ ေမြးေန့မွာ အက်ိဳးရိွမယ့္

အလွဴေလးေတြကို ျပဳလုပ္ေနေၾကာင္း “Birthday girlေလးဒီေန႔တၿမိဳ႕လုံးပတ္ျပီး (၁၀) ေနရာမွာအလႉလိုက္လုပ္ေနပါတယ္။ တစ္ရက္အတြင္းအျမန္စီစဥ္တဲ့ အလႉေလး ခုထိအဆင္ေျပေခ်ာေမြ႕ေနပါတယ္ရွင့္☺😊 အလႉနဲ႔အေသးစိတ္ကိုေနာက္မွေျပာျပမယ္ေနာ္”

ဆိုျပီး အသိေပးထားပါတယ္။ေမြးေန့ရွင္ေလး နန္းျမတ္ျဖိဳးသင္းကေတာ့ သူမရဲ့ေမြးေန့မွာ အမ်ားအတြက္ အက်ိဳးရိွေစမယ့္ ကုသိုလ္ေလးေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလး နန္းျမတ္ျဖိဳးသင္းအတြက္ ေမြးေန့ဆုေတာင္းေတာင္းေပးၾကပါဦးေနာ္။

Read in UNICODE

လူလေးချစ်စရာကောင်းရုံသာမက သီချင်းဆိုပါကောင်းတဲ့ ဆရာဝန် အနုပညာရှင်မလေး နန်းမြတ်ဖြိုးသင်းက အခုဆိုရင် အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျပြီး ကလေးမေမေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်

သူမ မြတ်နိုးဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကိုတော့ အခုချိန်ထိတိုင် တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၂) ရက်နေ့ကတော့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့လေးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက သူမရဲ့ မွေးနေ့မှာ အကျိုးရှိမယ့်

အလှူလေးတွေကို ပြုလုပ်နေကြောင်း “Birthday girlလေးဒီနေ့တမြို့လုံးပတ်ပြီး (၁၀) နေရာမှာအလှူလိုက်လုပ်နေပါတယ်။ တစ်ရက်အတွင်းအမြန်စီစဉ်တဲ့ အလှူလေး ခုထိအဆင်ပြေချောမွေ့နေပါတယ်ရှင့်☺😊 အလှူနဲ့အသေးစိတ်ကိုနောက်မှပြောပြမယ်နော်”

ဆိုပြီး အသိပေးထားပါတယ်။မွေးနေ့ရှင်လေး နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့မွေးနေ့မှာ အများအတွက် အကျိုးရှိစေမယ့် ကုသိုလ်လေးတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး နန်းမြတ်ဖြိုးသင်းအတွက် မွေးနေ့ဆုတောင်းတောင်းပေးကြပါဦးနော်။

Source : Nann Myat Phyo Thinn’s Facebook

Add a Comment

Your email address will not be published. Required fields are marked *