ဖိနပ္အားေပးၾကတဲ့ ေက်းဇူးရွင္ေတြအတြက္ လမ္းေဘးေခြးေတြကို အစာေကြ်းၿပီး ကုသိုလ္ေလး ျပန္လုပ္ေပးခဲ့တယ္ဆိုတဲ့ စည္သူ ပလပ္ကြ်တ္
|စည္သူ ပလပ္ကြ်တ္က သူ့ရဲ့ အနုပညာေၾကာင့္သာမက အမိုက္စား စူပါဟီးရိုးဝတ္စံုေတြနဲ႔ ပြဲအခမ္းအနားေတြကို တက္ေရာက္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အာရံုစိုက္ေဝဖန္ျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စည္သူ ပလပ္ကြ်တ္က

သူယံုၾကည္ရာကိုသာ တစိုက္မတ္မတ္ လုပ္ကိုင္တာေၾကာင့္ ပရိသတ္ေတြကလည္း နားလည္သေဘာေပါက္သြားခဲ့ျပီပဲ ျဖစ္ပါတယ္။ လက္ရိွမွာ ကားရိုက္ေတြမရိွတာေၾကာင့္ စည္သူ ပလပ္ကြ်တ္က မိုးတြင္းစီးဖိနပ္ေလးေတြကို ေရာင္းခ်ရင္း

စားဝတ္ေနေရးကို ေျဖရွင္းေနရတာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စည္သူ ပလပ္ကြ်တ္က “Papilo ဖိနပ္ေရာင္းရလို႔ရတဲ့ ပိုက္ဆံနဲ႔ အားေပးတဲ့ေက်းဇူးရွင္ေတြအတြက္ ဘာတန္ဖိုးမွမျဖတ္ႏိုင္တဲ့႐ိုးရွင္းတဲ့ ကုသိုလ္ေလး ျပန္လုပ္ေပးခဲ့ပါတယ္ဗ် သာဓုေခၚေစေသာဝ္”

ဆိုျပီး သူ့ရဲ့ကုသိုလ္ေလးကို မွ်ေဝထားပါတယ္။စည္သူ ပလပ္ကြ်တ္ က သူယံုၾကည္ရာ လမ္းကို ေဝဖန္မႈေတြကို ၾကံ့ၾကံ့ခံျပီး ေလွ်ာက္လွမ္းေနတယ္ဆိုေပမယ့္ သူ့ရဲ့ အတြင္းစိတ္ကေတာ့ ရိုးသားျပီး ဟန္ေဆာင္မႈေတြကင္းသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စည္သူ ပလပ္ကြ်တ္ရဲ့ ရိုးရွင္းတဲ့ ကုသိုလ္ေလးကို သာဓုေခၚေပးၾကပါဦးေနာ္။
Read in UNICODE
စည်သူ ပလပ်ကျွတ်က သူ့ရဲ့ အနုပညာကြောင့်သာမက အမိုက်စား စူပါဟီးရိုးဝတ်စုံတွေနဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်တာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ဝေဖန်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စည်သူ ပလပ်ကျွတ်က

သူယုံကြည်ရာကိုသာ တစိုက်မတ်မတ် လုပ်ကိုင်တာကြောင့် ပရိသတ်တွေကလည်း နားလည်သဘောပေါက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကားရိုက်တွေမရှိတာကြောင့် စည်သူ ပလပ်ကျွတ်က မိုးတွင်းစီးဖိနပ်လေးတွေကို ရောင်းချရင်း

စားဝတ်နေရေးကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်သူ ပလပ်ကျွတ်က “Papilo ဖိနပ်ရောင်းရလို့ရတဲ့ ပိုက်ဆံနဲ့ အားပေးတဲ့ကျေးဇူးရှင်တွေအတွက် ဘာတန်ဖိုးမှမဖြတ်နိုင်တဲ့ရိုးရှင်းတဲ့ ကုသိုလ်လေး ပြန်လုပ်ပေးခဲ့ပါတယ်ဗျ သာဓုခေါ်စေသောဝ်”

ဆိုပြီး သူ့ရဲ့ကုသိုလ်လေးကို မျှဝေထားပါတယ်။စည်သူ ပလပ်ကျွတ် က သူယုံကြည်ရာ လမ်းကို ဝေဖန်မှုတွေကို ကြံ့ကြံ့ခံပြီး လျှောက်လှမ်းနေတယ်ဆိုပေမယ့် သူ့ရဲ့ အတွင်းစိတ်ကတော့ ရိုးသားပြီး ဟန်ဆောင်မှုတွေကင်းသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်သူ ပလပ်ကျွတ်ရဲ့ ရိုးရှင်းတဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။
Source : Sithu’s Facebook | Reference & Credit : Myanmarload