ငယ်ငယ်လေးနဲ့ ဘုရားရှိခိုးရင်း ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန် ကန်တော့တတ်နေပြီဖြစ်တဲ့ မယ်လိုဒီရဲ့ သားလေး
Read in UNICODE
မင်းသမီးချောလေး မယ်လိုဒီတော့ ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ ကြည်လင်ဝင်းပတဲ့အသားအရေလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကိုယ်ခန္ဓာအချိုးအစားလည်းပြေပြစ်လှပတဲ့ မယ်လိုဒီက မိန်းကလေးအချင်းချင်းအားကျရလောက်အောင်ကို
လှနိုင်လွန်းသူလေးပဲ ဖြစ်ပါတယ် ။ မယ်လိုဒီက သားလေးတစ်ယောက်မွေးဖွားထားပြီး ကလေးမေမေဖြစ်သွားတာတောင် သူမရဲ့အလှအပတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ် ။ မယ်လိုဒီအနေနဲ့ သူမရဲ့တစ်ဦးတည်းသောသားလေးကို အရမ်းချစ်ပြီး
မိခင်မေတ္တာအပြည့်နဲ့ဂရုစိုက်မှုတွေပေးနေတာ ဖြစ်ပါတယ် ။ မယ်လိုဒီရဲ့သားလေးကလည်း မေမေ့စကားကိုသေသေချာချာနားထောင်ပြီး အင်မတန်ကိုလိမ္မာရေးခြားရှိသူလေးပဲ ဖြစ်ပါတယ် ။ အခုလည်း မယ်လိုဒီက ချစ်ရတဲ့သားလေးနဲ့အတူ
ဘုရားရှိခိုးနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ မယ်လိုဒီတို့သားအမိကတော့ ကိုယ်တိုင်ကြိုထားတဲ့ယာဂုဆွမ်းကို မြတ်စွာဘုရားထံမှာဆပ်ကပ်လှူဒါန်းရင်း ခင်ပွန်းကြီး (၁၀ )ပါးအားအပြစ်များကိုဝန်ချတောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ် ။ မယ်လိုဒီက
သူမရဲ့သားလေးကို အခုအရွယ်ကတည်းက ခင်ပွန်းကြီးဆယ်ပါးကို ဝန်ချတောင်းပန်ကန်တော့တတ်အောင် သင်ကြားပြသပေးနေတာလည်း ဖြစ်ပါတယ် ။ ကဲ ဘုရားရှိခိုးပြီးကုသိုလ်ကောင်းမှုတွေအတူတူပြုနေတဲ့ မယ်လိုဒီတို့သားအမိရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Melody Myo’s Facebook | Reference & Credit : Myanamrload
Add a Comment
Your email address will not be published. Required fields are marked *