ရွဴတင္နားရက္ေလးမွာ ပင္းတယၿမိဳ႕မေစ်းထဲ အလည္သြားရင္း မုန္႔ေတြ ေလ်ာက္ပတ္စားခဲ့တဲ့ ေက်ာ္ထက္ေဇာ္

မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ျခင္းကို အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသားေခ်ာ ေက်ာ္ထက္ေဇာ္ကေတာ့ အႏုပညာေလာကထဲကို ဝင္ေရာက္လာတာမၾကာေသးတဲ့ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ ေက်ာ္ထက္ေဇာ္က အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ရဲ႕ တပည့္အရင္းျဖစ္ၿပီး အႏုပညာအေမြေတြကို လက္ဆင့္ကမ္းသယ္ယူထားတဲ့

သူလည္းျဖစ္ပါတယ္. ။ MRTV-4မွာ ထုတ္လႊင့္ျပသေနတဲ့ ဇာတ္လမ္းတြဲေတြမွာ စတင္သ႐ုပ္ေဆာင္ရင္း တိက်ပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္မႈကို အခိုင္အမာ သိမ္းပိုက္ရယူထားႏိုင္တဲ့ သူပါေနာ္….။ လတ္တေလာမွာေတာ့ ေက်ာ္ထက္ေဇာ္က “အခ်စ္ဖြဲ႕ ေလညင္း” ဇာတ္လမ္းတြဲေလးထဲမွာ မိုးေသာက္ဦးနဲ႔ ေရာင္နီဦး

ႏွစ္ကိုယ္ခြဲကာ႐ိုက္တာေလးနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။ ဇာတ္လမ္းတြဲေလးက အခ်စ္ဇာတ္လမ္းတြဲေလးျဖစ္သလို လူ႔ေလာကမွာျဖစ္ပ်က္ေနတဲ့ အေၾကာင္းတရားေလးေတြကိုလည္း ထည့္သြင္း႐ိုက္ကူးထားတာျဖစ္လို႔ ပရိသတ္ေတြကလည္း အႀကိဳက္ေတြ႕ေနမွာ အေသအခ်ာပါပဲေနာ္.။ေက်ာ္ထက္ေဇာ္က ႐ိုက္ကြင္းေနာက္ကြယ္က အမွတ္တရ

ပုံရိပ္ေလးေတြကို သူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ အၿမဲေဖာ္ျပေလ့ရွိေနၿပီး ယေန႔မွာေတာ့ ရႈတင္နားရက္ေလးမွာ ရွမ္းျပည္နယ္၊ပင္းတယၿမိဳ႕က ပင္းတယေဈးကို သြားေရာက္ လည္ပတ္ကာ မုန႔္ေတြစားေနတဲ့ ဗီဒီယိုေလးတစ္ခုကို တင္ေပးလာတာပဲျဖစ္ပါတယ္…။ေဈးကလည္း အတန္အသင့္နဲ႔ မုန႔္ေတြလည္း အမ်ားႀကီးစားရလို႔ ေပ်ာ္ေနတဲ့အျပင္

ပင္းတယၿမိဳ႕က ေဈးသည္ေတြကလည္း ေဖာ္ေ႐ြလြန္းတာေၾကာင့္ ေက်ာ္ထက္ေဇာ္က ” ဆရာေလးနဲ႔ ပင္းတယ ေဈးေန႔အမွတ္တရ တစ္ပတ္မွာ တစ္ရက္ပဲႀကဳံခဲ့ရတဲ့ ေဈးေန႔ေလးမို႔လို႔ က်ေနာ့္ေဇာ္ဂ်ီေလးေတြအတြက္ အမွတ္တရေလး တင္ေပးလိုက္ပါတယ္ဗ်” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားပါေသးတယ္.။ ကဲ ခ်စ္ရတဲ့ ပရိသတ္ေတြ ေက်ာ္ထက္ေဇာ္ရဲ႕ ဗီဒီယိုေလးကို ၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…..။

Read in UNICODE

မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်က အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ တပည့်အရင်းဖြစ်ပြီး အနုပညာအမွေတွေကို လက်ဆင့်ကမ်းသယ်ယူထားတဲ့

သူလည်းဖြစ်ပါတယ်. ။ MRTV-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာ သိမ်းပိုက်ရယူထားနိုင်တဲ့ သူပါနော်….။ လတ်တလောမှာတော့ ကျော်ထက်ဇော်က “အချစ်ဖွဲ့ လေညင်း” ဇာတ်လမ်းတွဲလေးထဲမှာ မိုးသောက်ဦးနဲ့ ရောင်နီဦး

နှစ်ကိုယ်ခွဲကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးက အချစ်ဇာတ်လမ်းတွဲလေးဖြစ်သလို လူ့လောကမှာဖြစ်ပျက်နေတဲ့ အကြောင်းတရားလေးတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကလည်း အကြိုက်တွေ့နေမှာ အသေအချာပါပဲနော်.။ကျော်ထက်ဇော်က ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ

ပုံရိပ်လေးတွေကို သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲဖော်ပြလေ့ရှိနေပြီး ယနေ့မှာတော့ ရှုတင်နားရက်လေးမှာ ရှမ်းပြည်နယ်၊ပင်းတယမြို့က ပင်းတယဈေးကို သွားရောက် လည်ပတ်ကာ မုန့်တွေစားနေတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်…။ဈေးကလည်း အတန်အသင့်နဲ့ မုန့်တွေလည်း အများကြီးစားရလို့ ပျော်နေတဲ့အပြင်

ပင်းတယမြို့က ဈေးသည်တွေကလည်း ဖော်ရွေလွန်းတာကြောင့် ကျော်ထက်ဇော်က ” ဆရာလေးနဲ့ ပင်းတယ ဈေးနေ့အမှတ်တရ တစ်ပတ်မှာ တစ်ရက်ပဲကြုံခဲ့ရတဲ့ ဈေးနေ့လေးမို့လို့ ကျနော့်ဇော်ဂျီလေးတွေအတွက် အမှတ်တရလေး တင်ပေးလိုက်ပါတယ်ဗျ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်.။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ ကျော်ထက်ဇော်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…..။

Source : Kyaw Htet Zaw’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *