လမ်းထိပ်ကနေ အိမ်ရှေ့ထိ နောက်ယောင်ခံ လိုက်ကြည့်နေတဲ့ လူတစ်ယောက်ကြောင့် ထိတ်လန့်နေရတဲ့ ဥက္ကာမင်းမောင်
Read in UNICODE
မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ယူရင်း အခြေချနေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က နိုင်ငံခြားမှာ နေတာကြာပြီဆိုပေမယ့် သူ့အနေနဲ့ ဒီတစ်ခါ ကြုံတွေ့ခဲ့ရတဲ့အကြောင်းကတော့ ထူးဆန်းပြီး ကြောက်စရာပါပဲ။ ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး ဥက္ကာမင်းမောင်က သူ့ရဲ့ ပရိသတ်တွေကို အခုလိုပဲ မျှဝေပြောပြထားပါတယ်။ “ဒီနေ့ နေ့လည် Lance နဲ့ အပြင်ထွက်
ခွေးကျောင်းနေရင်း အိမ်နဲ့ 2 blocks လောက် အဝေးကရောက်တော့ မျက်နှာချင်းဆိုင်လမ်းလျှောက်လာတဲ့ အသက် ၄၀ ကျော်အရွယ် လူမည်းတယောက် သားသားနားနားလဲ မဟုတ်ဘူး ကျွန်တော်တို့ကို စိုက်ကြည့်နေတာ။ သူဘေးကဖြတ်သွားတာ သတိထားမိတယ်။ ကြည့်နေတာလဲ သတိထားမိတယ်။ မသိချင်ယောင်ပဲ ဆောင်နေလိုက်တာ။ ပုံမှန် လူမည်းတွေ
ပိုက်ဆံလိုချင်ရင်လာတောင်းကြတယ်။ ဒီနိုင်ငံမှာ Homeless တွေကလဲ လူမည်းပိုများတယ်။” “ကိုယ်တွေလဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပြီး နောက်တကွေ့ထပ်လျှောက်ပြီး အိမ်အပြန်လမ်းကျတော့ ပြန်တွေ့ ပြန်ရော သူက လမ်းထိပ်ထောင့်မှာရပ်နေတယ်။ ကျွန်တော်တို့သူ့ဘေးနားက ဖြတ်သွားပြီးတော့ နောက်ကလိုက်လာရော။ ပိုက်ဆံတောင်းချင် ဘေးကဖြတ်သွားတုန်းတောင်းလို့ရတာပဲ။ စကားပြောချင်ရင်လဲ အိမ်မရောက်သေးခင်စပ်ကြား
လာပြောလို့လဲရတယ်။ သူ့ရှေ့ကနေ အေးဆေးပဲ လျှောက်နေတာ။ လမ်းကူးတော့ လိုက်ကူးတယ်။ လှည့်ကြည့်တိုင်းလဲ စိုက်ကြည့်နေတယ်။ ကျွန်တော်တို့ apartment building ထဲဝင်တော့ သူက အထဲလိုက်ဝင်ဖို့ ကြိုးစားသေးတယ်။ သူ့ကိုလှည့်ကြည့်တော့ လက်လှမ်းပြတယ်။” “လမ်းထိပ်ကနေ အိမ်ရှေ့ထိ နောက်ကလိုက်လာပြီး ဘာဖြစ်ချင်တာမှန်းမသိ။တခုခု လာလုပ်လို့ကတော့ တွေ့တာနဲ့ ကောက်ရိုက်ပစ်မှာ။ ကိုယ်နဲ့ ကိုယ့် family လာထိ
လို့ကတော့ လူမည်းဖြစ်ဖြစ် လူဖြူဖြစ်ဖြစ် Asian ဖြစ်ဖြစ် Latino ဖြစ်ဖြစ် ချမှာပဲ။ Safety အတွက်တော့ ကာကွယ်ရမှာပဲ.. ကျွန်တော်ကတော့ မကြောက်တတ်ဘူး။ ဒီလိုမျိုးဖြစ်လို့ အံ့ဩနေတာ။ အိမ်ပေါ်ကနေ အောက်လှမ်းကြည့်တော့ သူလာရာလမ်း လှည့်ပြန်သွားတယ်။ နောက်ဆို သတိတော့ ထားရမှာပေါ့လေ။ပြန်ခုခံဖို့ တခုခုတော့ ဆောင်သွားရမယ်။” ဆိုပြီး ပြောပြထားပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ကို စိတ်အနှောင့်အယှက်ပေးတဲ့ လူစိမ်းတစ်ယောက်အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Ye Htoo Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *