ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အလှူငွေ(၁၀)သိန်း(၆)သောင်း သွားရောက် လှူဒါန်းခဲ့တဲ့ ပွင့်နဒီမောင်





Read in UNICODE

မင်းသမီးတစ်လက်ဖြစ်တဲ့ ပွင့်နဒီမောင်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပွင့်နဒီမောင်ကတော့ အနုပညာလုပ်ငန်းတွေမှာလည်း အောင်မြင်နေတဲ့မင်းသမီးတစ်လက်ဆိုပေမယ့် အပြင်စီးပွားရေးလုပ်ငန်းမှာလည်း

အောင်မြင်နေတဲ့သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူငယ်ချင်းဖြစ်သူ ထူးခြားနဲ့ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ပွင့်နဒီမောင်ကတော့ ဝက်လက်အချိုပေါင်းနဲ့ ထူးခြားရဲ့ ဝက်နံရိုးမီးတောက်မှာတဲ့သူတွေကို

ကိုယ်တိုင်ပို့ဆောင်ခြင်းကို လုပ်ဆောင်နေတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ပွင့်နဒီမောင်က”မေတ္တာအင်္သချေရဲ့ (၄)ကြိမ်မြောက် အလှူကို ဒီနေ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ငွေကျပ် ဆယ်သိန်းခြောက်သောင်းကျပ်တိတိကို PPE Surgical gown,Surgical Face Mask သုံးမျိုးလှူဒါန်းခဲ့ပါကြောင်း အဖွဲ့ဝင်များအားလုံး နတ်လူသာဓုခေါ်စေသော်”လို့ဆိုကာ

သူမရဲ့ လှူဒါန်းခဲ့တဲ့အလှူဒါန်းလေးအကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပွင့်နဒီမောင်ရဲ့ အလှူဒါန်းလေးအကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ သူမလှူဒါန်းခဲ့တဲ့အလှူဒါနမြောက်အောင် ပရိသတ်ကြီးကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါအုံးနော်။

Source : Pwint Nadi Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *