မွေးနေ့အကြိုလက်ဆောင်အဖြစ် ခင်ပွန်းဆီက နေကြာပန်းပုံ ပန်းချီကားကြီး လက်ဆောင်ရခဲ့တဲ့ စမိုင်းလ်
Read in UNICODE
စမိုင်းလ်က အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူနဲ့ အတူတူ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်တို့ မိသားစုက အလှူအတန်းတွေကိုလည်း အမြဲမပြတ် ပြုလုပ်နေလက်ရှိပြီး
ဘဝကို အေးအေးချမ်းချမ်းသာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကလည်း သူမရဲ့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို နည်းနည်းချင်းစီ လုပ်ကိုင်နေလျက်ရှိပါတယ်။ ယခု ဇွန်လကတော့ စမိုင်းလ်ရဲ့ မွေးနေ့လလေးပဲဖြစ်ပြီး (၁)ရက်နေ့မှာကတည်းက
စမိုင်းလ်က ခင်ပွန်းဖြစ်သူဆီက လက်ဆောင်တွေကို စတင်ရရှိနေပြီ ဖြစ်ပါတယ်။ စမိုင်းလ်က သူမကြိုက်တတ်တဲ့ နေကြာပန်းပုံ ပန်းချီကားကို လက်ဆောင်ပေးတဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကြောင့် ဝမ်းသာပျော်ရွှင်နေရပါတယ်လို့ ဆိုထားပါတယ်။ စမိုင်းလ်အတွက်
နေကြာပန်းပုံ ပန်းချီကားကို သရုပ်ဆောင် ဆန်းထွဋ်က ရေးသားပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ပွန်းဖြစ်သူဆီမှာ လိုလေသေးမရှိ အချစ်ခံရတဲ့ စမိုင်းကိုကြည့်ပြီး အားကျနေမယ် ထင်ပါတယ်နော်။
Source: စမိုင်းလ် Smile‘s Facebook
Add a Comment
Your email address will not be published. Required fields are marked *