နေမကောင်းဖြစ်နေတဲ့အချိန် ဘေးနားကမခွာပဲ ဂရုစိုက်ပေးနေတဲ့ ချစ်သူလေးကြောင့် ပျော်နေရတဲ့ ခိုင်နှင်းဝေ





Read in UNICODE

ပရဟိတအလုပ်တွေကို လုပ်ကိုင်တတ်သူ သဒ္ဓါတရားထက်သန် သူ မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ခိုင်နှင်းဝေကတော့ သူမအတွက် အရေးပါတဲ့ သူတွေအတွက် အမြဲအလုပ်ကြိုးစားပြီး ချစ်တဲ့ သူတွေကို အကောင်းဆုံးတွေ ပေးနေတဲ့သူပဲဖြစ်ပါတယ်.။ နှစ်သက်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း

သူမတတ်နိုင်တဲ့ ဘက်ကနေ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်နေသူပါ.။ ခိုင်နှင်းဝေဟာ သူမကိုယ်တိုင်က သူတစ်ပါးအတွက် စွန့်လွှတ်ပေးကမ်းရတာကို နှစ်သက်ပြီး သူမကူညီပေးလိုက်လို့ ပျော်ရွှင်သွားတဲ့ မျက်နှာတွေကိုမြင်ရတာဟာ ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်တွေ မို့ပါဆိုကာ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်.။ အမြဲတမ်း သူများအတွက် တွေးကာ

လုပ်ဆောင်ပေးတတ်တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ မေလ (၃၁)ရက်နေ့မှာတော့ Operation တစ်ခုလုပ်ခဲ့တဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ဘယ်လိုအကြောင်းနဲ့ လုပ်ရတဲ့ Operations မျိုးလဲဆိုတာကိုတော့ ပြောပြခဲ့ခြင်းမရှိပါဘူး.။ ဒီနေ့ ဇွန်လ (၁)ရက်နေ့မှာတော့ နေမကောင်းနေတဲ့ သူမကို ဘေးကမခွာ ပြုစုပေးနေတဲ့ ချစ်သူအကြောင်းရိုက်ထားတဲ့

ဗီဒီယိုဖိုင်လေးကို “ပြုစုချင်သူကြီး” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။နေမကောင်းဖြစ်နေတဲ့ သူမကို အနားကမခွာ ဂရုစိုက်ကာ အစားအသောက်ကိုလည်း သေချာခွံကျွေးပေးနေတဲ့ ချစ်သူကြောင့် ခိုင်နှင်းဝေတစ်ယောက် ပျော်ရွှင်မှုတွေကို ခံစားနေရမယ် ဆိုတာ အသေအချာပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း သူမရဲ့ ချစ်သူက အနားကမခွာ ဂရုစိုက်ပေးနေလို့ ပျော်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source: Khin Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *