သိန်းတစ်သောင်းခွဲကံထူးရှင်ဖြစ်ရင် ယောကျာ်းတောင်းမယ်ဆိုတဲ့ မအေးသောင်း




Read in UNICODE

ပရိသတ်တွေက ချစ်စနိုးနဲ့ မအေးသောင်းလို့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက ယနေ့ထက်တိုင် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက အခုဆိုရင် အသက်လေးဆယ်နားနီးအရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်

မောင်လေးတွေကြားမှာ နာမည်ကြီးနေဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ပျော်ပျော်နေတတ်ပြီး အမြဲတမ်း ရွှတ်ရွှတ်နောက်နောက်နေတတ်တဲ့ မအေးသောင်းက ဒီနေ့မှာလည်း

ပရိသတ်တွေကို သူမရဲ့ သိန်းတစ်သောင်းခွဲစိတ်ကူးကို အခုလိုပြောထားပါတယ်။ မအေးသောင်းက “ထီပေါက်ရင် ယောကျာ်းတောင်းမယ်” ဆိုပြီး ဖေ့စ်ဘုတ်မှာ ရေးသားထားတာကြောင့် ပရိသတ်တွေခမျာ သဘောကျနေရတာပဲ ဖြစ်ပါတယ်။ အပျိုကြီး မအေးသောင်းကတော့ သူမရဲ့ စိတ်ကူးတွေကို ဟာသလုပ်ပြီး ပြောထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သိန်းတစ်သောင်းခွဲ ကံထူးရှင်သာဖြစ်ခဲ့ရင် ဘာတွေလုပ်မလဲ ပြောပြခဲ့ကြပါဦးနော်။

Source : Aye Thaung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *