ဒူးရင်းခြံထဲ အလည်သွားရင်း ဒူးရင်းသီးတွေ ခူးပြီး အားရပါးရစားခဲ့တဲ့ မောင်တို့ ချစ်သူစုံတွဲ






Read in UNICODE

မင်းသားချောတစ်ဦးဖြစ်တဲ့ မောင်ကတော့ ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မင်းသမီးချော နန္ဒာလှိုင်ရဲ့မောင်လေးလည်းဖြစ်တဲ့ သရုပ်ဆောင်မောင်ကိုတော့

ပရိသတ်တွေကလည်း အားပေးချစ်ခင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်က အနုပညာအလုပ်တွေကိုရပ်နားထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မောင်က သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်

လတ်တလောလှုပ်ရှားမှုလေးတွေကို တင်ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မောင်က ချစ်သူလေးရီရီပွင့်ဖြူနဲ့အတူ ဒူးရင်းခြံထဲကို အလည်သွားခဲ့တဲ့ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ချစ်သူနှစ်ဦးက

လှိုင်မိသားစုရဲ့ဒူးရင်းခြံထဲကို သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။မောင်တို့စုံတွဲလေးက လှိုင်ဒူးရင်းခြံထဲမှာ ဒူးရင်းသီးတွေအတူတူခူးခဲ့ကြသလို အရသာရှိတဲ့ဒူးရင်းသီးတွေကိုလည်း ခွဲစားပြခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်ကိစ္စအတွက်ခြံထဲ

ကိုရောက်ရှိလာခဲ့တဲ့ မောင်က ပျော်ပျော်ပါးပါး Vlog ဗီဒီယိုလေးရိုက်ပြီး ဒူးရင်းခြံအနှံ့လိုက်လံပြသခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဒူးရင်းခြံထဲမှာပျော်ရွှင်နေကြတဲ့ သရုပ်ဆောင်မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Sein Phyo & Yi’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *