မိဘတွေ အလုပ်မသွားတာတွေ့လို့ စုထားတဲ့ ပိုက်ဆံလေးတွေ ထုတ်ပြီးပေးခဲ့တဲ့ ဟဲလေးရဲ့ သားလိမ္မာလေး(၂)ယောက်






Read in UNICODE

ဟဲလေးကတော့ တစ်ချိန်က မြူးကြွကြသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့

ဟဲလေးကတော့ အနုပညာအလုပ်တွေအနေနဲ့ နယ်ပွဲတွေမှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုတော်ဟဲလေးကတော့ အေးချမ်းသာယာတဲ့ မိသားစုကမ္ဘာလေးကို ချစ်ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပြီး

ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ဟဲလေးတစ်ယောက် အဖေနဲ့အမေအလုပ်သွားတာမတွေ့လို့ သူတို့သေချာစုထားတဲ့ ပိုက်ဆံလေးကို ထုတ်ပြီး ပေးတဲ့ သားလိမ္မာလေးနှစ်ယောက်ကြောင့်

ပျော်ရွှင်ကြည်နူးခဲ့ရပြီး ပီတိဖြာခဲ့ရပါတယ်။ ဟဲလေးကတော့ ” အဲ့မှာ ကြွေနေလိုက်ပြီသားတို့ရေအဖေနဲ့အမေအလုပ်သွားတာမတွေ့လို့ပိုက်ဆံလိုနေမှာပေါ့ဆိုပြီး…ညီအကိုနှစ်ယောက်သူတို့စုထားတာလေးတွေအပြိုင်ထုတ်ပေးနေကြတာချစ်လိုက်တာ ”

ဆိုပြီး သားလေးရဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဟဲလေးတို့ မိသားစုရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးဖော်ပြပေးလိုက်ရပါတယ်။

Source : Naing Lin Aung’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *