ေမြးေန႔ပြဲေလးကို မိသားစုနဲ႔အတူ အိမ္ထဲမွာပဲ က်င္းပခဲ့ရတဲ့ ေဇာ္ပိုင္

သီခ်င္းေကာင္းေလးေတြကို ပရိသတ္အၾကိဳက္ သီဆိုတတ္တဲ့ ေဇာ္ပိုင္ကေတာ့ အနုပညာေလာကမွာ ယေန့ထက္တိုင္ လူၾကိဳက္မ်ား ေအာင္ျမင္ေနဆဲပါပဲ။ ေဇာ္ပိုင္က အနုပညာလုပ္ငန္းေတြမွာ ေအာင္ျမင္မႈရရိွေနသလို သူ့ရဲ့ သာယာေအးခ်မ္းျပီး ေပ်ာ္ရႊင္ဖြယ္အတိျပီးတဲ့

မိသားစုေလးေၾကာင့္လည္း ထင္ရွားသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေဇာ္ပိုင္နဲ့အတူတူ ေဇာ္ပိုင့္ရဲ့ တစ္ဦးတည္းေသာသားေလး ေရႊပိုင္ကိုပါ အားေပးခ်စ္ခင္ၾကပါတယ္။မေန့က ေမလ (၃၁) ရက္ေန့ကေတာ့ ေဇာ္ပိုင့္ရဲ့ေမြးေန့ေလးျဖစ္ျပီး ေဇာ္ပိုင္က

ေမြးေန့ပြဲေလးကို သူ့ရဲ့ေနအိမ္မွာပဲ မိသားစုနဲ့အတူတူ ျဖတ္သန္းခဲ့ရေၾကာင္းကို “ကြၽန္ေတာ့္၏ေမြးေန႔ကိုဆုမြန္ေကာင္းေတာင္းေပးၾကပါေသာ ခ်စ္ရေသာညီအစ္ကိုေမာင္ႏွမ သူငယ္ခ်င္းမိတ္ေဆြခ်စ္ပရိတ္သတ္မ်ားအားလုံးကို ေလးစားလႈိက္လွဲစြာ ေက်းဇူးအထူးတင္ရွိပါသည္။❤❤❤ ကြၽန္ေတာ္၏ေမြးေန႔ပြဲႀကီးကိုခ်စ္ရေသာသူမ်ား၏ေမတၱာမ်ားႏွင့္အတူ

Happy Birthday at Home လိုက္ပါသည္။😁😁😁😍😍😍” ဆိုျပီး အမွတ္တရ ေျပာထားပါတယ္။ေဇာ္ပိုင္ကေတာ့ တစ္နွစ္မွာတစ္ခါ ၾကံဳရတဲ့ ေမြးေန့ပြဲကို မိတ္ေဆြေပါင္းအသင္းေတြမပါပဲ ျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။ ေမြးေန့ရွင္ေဇာ္ပိုင္လည္း ဒီထက္မက ေအာင္ျမင္ျပီး အခုလိုပဲ အျမဲတမ္း ေပ်ာ္ရႊင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

သီချင်းကောင်းလေးတွေကို ပရိသတ်အကြိုက် သီဆိုတတ်တဲ့ ဇော်ပိုင်ကတော့ အနုပညာလောကမှာ ယနေ့ထက်တိုင် လူကြိုက်များ အောင်မြင်နေဆဲပါပဲ။ ဇော်ပိုင်က အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိနေသလို သူ့ရဲ့ သာယာအေးချမ်းပြီး ပျော်ရွှင်ဖွယ်အတိပြီးတဲ့

မိသားစုလေးကြောင့်လည်း ထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဇော်ပိုင်နဲ့အတူတူ ဇော်ပိုင့်ရဲ့ တစ်ဦးတည်းသောသားလေး ရွှေပိုင်ကိုပါ အားပေးချစ်ခင်ကြပါတယ်။မနေ့က မေလ (၃၁) ရက်နေ့ကတော့ ဇော်ပိုင့်ရဲ့မွေးနေ့လေးဖြစ်ပြီး ဇော်ပိုင်က

မွေးနေ့ပွဲလေးကို သူ့ရဲ့နေအိမ်မှာပဲ မိသားစုနဲ့အတူတူ ဖြတ်သန်းခဲ့ရကြောင်းကို “ကျွန်တော့်၏မွေးနေ့ကိုဆုမွန်ကောင်းတောင်းပေးကြပါသော ချစ်ရသောညီအစ်ကိုမောင်နှမ သူငယ်ချင်းမိတ်ဆွေချစ်ပရိတ်သတ်များအားလုံးကို လေးစားလှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါသည်။❤❤❤ ကျွန်တော်၏မွေးနေ့ပွဲကြီးကိုချစ်ရသောသူများ၏မေတ္တာများနှင့်အတူ

Happy Birthday at Home လိုက်ပါသည်။😁😁😁😍😍😍” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။ဇော်ပိုင်ကတော့ တစ်နှစ်မှာတစ်ခါ ကြုံရတဲ့ မွေးနေ့ပွဲကို မိတ်ဆွေပေါင်းအသင်းတွေမပါပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ရှင်ဇော်ပိုင်လည်း ဒီထက်မက အောင်မြင်ပြီး အခုလိုပဲ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Zaw Paing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *