အိန္ဒြာကျော်ဇင်နဲ့အတူ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတယ်ဆိုတဲ့ ခင်သဇင်
Read in UNICODE
ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ အခုလက်ရှိမှာ ပရိသတ်တွေတခဲနက်အားပေးဝန်းရံနေတဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ
မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ထားပါသေးတယ်။ ဒါ့အပြင်ခင်သဇင်ကတော့ သရုပ်ဆောင်ပိုင်းအပြင်ပညာရေးဘက်မှာလည်း ထူးချွန်တဲ့အနုပညာရှင်တစ်ဦးပါ။ အလှူအတန်းဆိုရင်လည်း လက်မနှေးဘဲ ပရဟိတတွေများစွာလုပ်ဆောင်လေ့ရှိသူပါပဲနော်။Stay Homeကာလမှာလည်း
ကိုယ်တိုင်ဟင်းချက်ကာ ဈေးရောင်းပြီး ရတဲ့အမြတ်ငွေတွေကို လှူဒါန်းနေခဲ့တာ ဖြစ်ပြီး အခုဆိုရင်လည်း ရှူတင်တွေစတင်ရိုက်ကူးတော့မယ်လို့သိရပါတယ်။ ဒီနေ့မှာတော့ “ခင့်ကို မအွဲလေးနဲ့ နတ်ရုပ်ရှင်ကားကြီးမှာ အတူတွဲပြီး သရုပ်ဆောင်ထားတာ မကြာခင်တွေ့ရတော့မှာနော် … ရင်ခုန်နေတယ် သဲစိန်တို့ရေ “ဆိုတဲ့စာလေးနဲ့ ပြောပြလာတာပါ။ သူမကလည်း
မအူဝဲ ကိုချစ်တဲ့ အမာခံ ပရိသတ်တစ်ယောက်ပါတဲ့နော်။နတ်ရုပ်ရှင်ကား မှာ အူဝဲနဲ့ ဘာလီထိ ခရီးတွေ အတူသွားပြီး ရိုက်ကူးရေးတွေ လုပ်ခဲ့ရတာကြောင့်အတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်တဲ့ပရိသတ်ကြီးရေ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့မင်းသမီးတွေပါဝင်ထားတဲ့ နတ်ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုဖို့အသင့်ပဲလားဆိူတာမှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Khin Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *