နယ်က ပရိသတ်တွေနဲ့ တွေ့ချင်ကြောင်း ရင်ဖွင့်ခဲ့တဲ့ ပိုးကြာဖြူခင်





Read in UNICODE

ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတွေထဲမှာတော့ ပရိသတ်ချစ်တဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကလည်း တစ်ယောက်အပါအဝင်ပါ။ ဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြတဲ့ ပိုးကြာဖြူခင်ကတော့သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း

ထူးချွန်ပိုင်နိုင်တဲ့သူ ဖြစ်ပါတယ်။ သူကတော့ နယ်ရှိုးပွဲတွေလည်း မကြာခဏသွားပြီး ပရိသတ်တွေနဲ့တွေ့ဆုံလေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။အခုအချိန်ကတော့ Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် လူတော်တော်များများက အိမ်မှာသာနေကြပြီး အတတ်နိုင်ဆုံးအပြင်မထွက်ဘဲနေကြတာပါ။ မဖြစ်မနေအပြင်ထွက်ရတဲ့သူတွေလောက်သာရှိပြီး

လူစုလူဝေးနဲ့ပွဲအခမ်းအနားတွေမလုပ်ကြသေးပါဘူး။ မကြာခဏနယ်ကို ဖျော်ဖြေပွဲထွက်လေ့ရှိတဲ့ ပိုးကြာဖြူခင်ကတော့ အခုလိုအခြေအနေမှာ “ခရီးထွက်ချင်လိုက်တာနယ်က ကိုယ့်ပရိတ်သတ်တွေနဲ့ တွေ့ချင်တယ်” လို့ ရေးသားထားပါသေးတယ်။ လူတော်တော်များများကတော့

အရင်လိုပုံမှန်ပြန်လည်ပတ်မယ့်အခြေအနေကို မျှော်လင့်နေကြတာဖြစ်ပြီး ခရီးထွက်ချင်တဲ့သူတွေကတော့ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ ပိုးကြာဖြူခင်လည်း အပါအဝင်ဖြစ်ပြီး နယ်ကပရိသတ်တွေကိုတွေ့ချင်တဲ့အကြောင်းရေးသားခဲ့ပါတယ်နော်…

Source : Poe Kyar Phyu Khin’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *