ကပ်ဆိုးကြီးကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ မိသားစု(၂)စုအပြင် မိဘမဲ့ဂေဟာကိုပါ ပါဝင်လှူဒါန်းခဲ့တဲ့ ဖြိုးပြည့်စုံ





Read in UNICODE

နိုင်ငံကျော်အဆိုတော် ဖြိုးပြည့်စုံဟာ လက်ရှိ Covid-19 ကြောင့် အလုပ်နားနေရတဲ့ မိသားစု(၂)စုအပြင် HHHP မိဘမဲ့ဂေဟာကိုပါလှူဒါန်းမှုမှာ ပါဝင်လှူဒါန်းခဲ့တဲ့အကြောင်းကို “Covidကြောင့်စက်မချုပ်ရလို့အိမ်လခမပေးနိုင်တဲ့မုဆိုးမသားအမိကို (၁)သိန်း(၃)သောင်း ပန်းရံအလုပ်နားနေရတဲ့ ဗိုက်ကြီးသည်သားအမိကို(၅)သောင်း HHHPမိဘမဲ့ဂေဟာကို(၁)သိန်း ကို

အလှူရှင်Phyo PyaeSone, YadanarOo, AsterRock တို့ကိုယ်စားလှူပေးခဲ့ပါတယ်။ ကိုယ်တိုင်မလှူနိုင် ပေမယ့် အလှူအကျိုးဆောင် ခွင့်ရခဲ့လို့ကြည်နူးရပါတယ်။ ကျွန်တော့်ရဲ့ PLHIV တွေ အခက်အခဲဖြစ်တိုင်းကူညီထောက်ပံ့ကြတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးပါ” လို့ ကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့တဲ့ Zar Ni Aung ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ဖြိုးပြည့်စုံကတော့ အလုပ်နားနေရတဲ့ မိသားစု(၂)စုအပြင်

HHHP မိဘမဲ့ဂေဟာကိုပါလှူဒါန်းမှုမှာ ပါဝင်လှူဒါန်ဖြစ်ခဲ့ပုံလေးကို “ကိုဇာနည်အောင် ကြောင့်လှူဖြစ်တဲ့ ကာလ ဒါန ကုသိုလ်တွေက အမြဲ ပီတိ ဖြစ်စေပါတယ် အလှူခံတိုင်းလည်း ကိုယ်လှူနိုင်တဲ့ ပမာဏပဲ အလှူခံတယ်၊ ဒါဟာ သိပ်အရေးကြီးပါတယ် ၊ ကိုယ့်နိုင်ဝန် အလှူအပေါ်မှာ သဒ္ဓါ ၊ ယုံကြည်မှု နဲ့ စေတနာ အပြည့်ဝ ခံစားခွင့်ရတယ် သာဓုပါ ကုသိုလ် ကိုလည်း အမျှ အမျှ အမျှ ကိုယ်ဇာနည် လည်း

ကုသိုလ် အကျိုးတွေထပ်တူရပါစေ (P.S. အလှူလေး မများပေမဲ့ အမေတို့ ဆရာတို့ ခွဲခွာသွားတဲ့ ခုလို ချိန်တွေမှာ လှူခွင့်ရတာ ပိုကျေးဇူးတင်ပါတယ်)” လိုပသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ ဖြိုးပြည့်စုံကတော့ လှူဒါန်းလိုက်ရတဲ့အလှူလေးကိုတော့ မိခင်ဖြစ်သူနဲ့အတူ ဆရာဖြစ်သူတေးရေးကေအေတီတို့ ကွယ်လွန်သွားတဲ့ အခုလို့အချိန်မှာ လှူခွင့်ရတဲ့အတွက် လှူဒါန်းရန်လာရောက်တိုက်တွန်းခဲ့ပြီးကိုယ်စားသွားရောက်လှူဒါန်းခဲ့တဲ့ ကိုဇာနည်အောင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်တဲ့။

Source : Phyo Pyae Sone’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *