မိခင္ျဖစ္သူအတြက္ ေနစဥ္စုဗူးနဲ႔စုၿပီး တစ္လဝင္ေငြ (၅)သိန္း(၅)ေသာင္းကို တစ္သက္လံုး ကန္ေတာ့သြားမယ္ဆိုတဲ့ မေနာ

အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ထားႏိုင္တဲ့ မေနာကေတာ့ ပရိသတ္ေတြမ်ားစြာရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရယူထားႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ မေနာရဲ႕ သီခ်င္းေလးေတြဟာ ပရိသတ္ေတြႀကိဳက္ႏွစ္သက္ၿပီး နားေထာင္သူေတြမ်ားျပားလ်က္ရွိေနတာပဲ ျဖစ္ပါတယ္။ ယခုမွာ

မေနာတို႔ေမာင္ႏွမ၈ေယာက္ဟာ အေမအတြက္ေနစဥ္စုဗူးနဲ႔စုၿပီး တစ္လပုံမွန္ဝင္ေငြ ၅၅၀၀၀၀က်ပ္ကို တစ္သက္လုံးကန္ေတာ့သြားမွာပဲ ျဖစ္ပါတယ္။မေနာကေတာ့ ” မေမ က်န္းမာၿပီးအသက္ရွည္ပါေစမိဘမ်ားကိုအေလးထားဂ႐ုစိုက္သင့္တယ္ဗ်ိဳ႕ အသက္ႀကီးလာရင္ သားသမီးမ်ား ေပးတာေလးန္ေတာ့တာေလးနဲ႔ ေႁခြတာသုံးရရွာတာပါ ဘယ္ေန႔ဘယ္သား

သမီးကလာကန္ေတာ့မလဲ လာေပးမလဲနဲ႔ေမွ်ာ္ေနရမွာလည္းမိဘမ်ားသနားစရာပါ ရည္႐ြယ္ခ်က္ေတြ ေပ်ာက္ၿပီး ရွင္လွ်က္နဲ႔ ဘဝ ေသေနတတ္ပါတယ္ ဒါေၾကာင့္က်ေနာ္တို႔ ေမာင္ႏွစ္မ ၈ ေယာက္တိုင္ပင္ၿပီး မိမိကန္ေတာ့ႏိုင္ေသာေငြ တစ္ရက္မွာ ၅ ရာ သို႔မဟုတ္ ၁ေထာင္ ပဲျဖစ္ျဖစ္ ၁ ေသာင္းျဖစ္ျဖစ္ေပါ့ မိမိတတ္ႏိုင္သေလာက္ ေန႔စဥ္စုဗူးနဲ႔ေမေမ့အတြက္ဆိုၿပီးစုၾကတယ္

တစ္လျပည့္တာနဲ႔ မိသားစုဆုံၿပီး ကန္ေတာ့ၾကတယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။မေနာကေတာ့ ” ေမေမအတြက္တစ္လကိုပုံမွန္ဝင္ေငြ ၅၅၀၀၀၀ လစဥ္တစ္သက္လုံးကန္ေတာ့သြားမည့္ေငြေပါ့ခင္ဗ်ာ ေနာက္ထက္မိမိေျပလည္သလိုကန္ေတာ့တာက သည္းသန႔္ကန္ေတာ့ႏိုင္ပါတယ္

မေျပလည္လည္းကန္ေတာ့ႏိုင္မည့္ေန႔စဥ္ေငြကိုသာစာရင္းေကာက္ၿပီး စုၾကတာျဖစ္ပါတယ္ခုဆိုေမေမ မွာရည္႐ြယ္ခ်က္ရွိသြားၿပီ ဘယ္ေန႔ ဘယ္ေက်ာင္းမွာဘာလႉမယ္ေပါ့ဗ်ာဘယ္သူေပးေကြၽးပါေစ က်ေနာ္တို႔ေမာင္ႏွမထဲက တစ္ေယာက္ကိုေမေမေပးလိုက္လည္း

က်န္သူေတြက ေမေမသေဘာေစတနာျပက္သားၿပီးသားမို႔ ေတးခ်စ္သူမ်ား မိတ္ေဆြမ်ား ဒီနည္းေလးအတိုင္း ေန႔စဥ္ တစ္ရာတစ္ေထာင္တစ္ေသာင္း ႏိုင္သေလာက္စုၿပီး သက္သက္မွတ္မွတ္ကန္ေတာ့မယ္ဆိုလွ်င္မိဘမ်ားအတြက္အဆင္ေျပသြားၿပီေပါ့ဗ်ာ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

Read in UNICODE

အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ မနောကတော့ ပရိသတ်တွေများစွာရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မနောရဲ့ သီချင်းလေးတွေဟာ ပရိသတ်တွေကြိုက်နှစ်သက်ပြီး နားထောင်သူတွေများပြားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုမှာ

မနောတို့မောင်နှမ၈ယောက်ဟာ အမေအတွက်နေစဉ်စုဗူးနဲ့စုပြီး တစ်လပုံမှန်ဝင်ငွေ ၅၅၀၀၀၀ကျပ်ကို တစ်သက်လုံးကန်တော့သွားမှာပဲ ဖြစ်ပါတယ်။မနောကတော့ ” မမေ ကျန်းမာပြီးအသက်ရှည်ပါစေမိဘများကိုအလေးထားဂရုစိုက်သင့်တယ်ဗျို့ အသက်ကြီးလာရင် သားသမီးများ ပေးတာလေးန်တော့တာလေးနဲ့ ခြွေတာသုံးရရှာတာပါ ဘယ်နေ့ဘယ်သား

သမီးကလာကန်တော့မလဲ လာပေးမလဲနဲ့မျှော်နေရမှာလည်းမိဘများသနားစရာပါ ရည်ရွယ်ချက်တွေ ပျောက်ပြီး ရှင်လျှက်နဲ့ ဘဝ သေနေတတ်ပါတယ် ဒါကြောင့်ကျနော်တို့ မောင်နှစ်မ ၈ ယောက်တိုင်ပင်ပြီး မိမိကန်တော့နိုင်သောငွေ တစ်ရက်မှာ ၅ ရာ သို့မဟုတ် ၁ထောင် ပဲဖြစ်ဖြစ် ၁ သောင်းဖြစ်ဖြစ်ပေါ့ မိမိတတ်နိုင်သလောက် နေ့စဉ်စုဗူးနဲ့မေမေ့အတွက်ဆိုပြီးစုကြတယ်

တစ်လပြည့်တာနဲ့ မိသားစုဆုံပြီး ကန်တော့ကြတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။မနောကတော့ ” မေမေအတွက်တစ်လကိုပုံမှန်ဝင်ငွေ ၅၅၀၀၀၀ လစဉ်တစ်သက်လုံးကန်တော့သွားမည့်ငွေပေါ့ခင်ဗျာ နောက်ထက်မိမိပြေလည်သလိုကန်တော့တာက သည်းသန့်ကန်တော့နိုင်ပါတယ်

မပြေလည်လည်းကန်တော့နိုင်မည့်နေ့စဉ်ငွေကိုသာစာရင်းကောက်ပြီး စုကြတာဖြစ်ပါတယ်ခုဆိုမေမေ မှာရည်ရွယ်ချက်ရှိသွားပြီ ဘယ်နေ့ ဘယ်ကျောင်းမှာဘာလှူမယ်ပေါ့ဗျာဘယ်သူပေးကျွေးပါစေ ကျနော်တို့မောင်နှမထဲက တစ်ယောက်ကိုမေမေပေးလိုက်လည်း

ကျန်သူတွေက မေမေသဘောစေတနာပြက်သားပြီးသားမို့ တေးချစ်သူများ မိတ်ဆွေများ ဒီနည်းလေးအတိုင်း နေ့စဉ် တစ်ရာတစ်ထောင်တစ်သောင်း နိုင်သလောက်စုပြီး သက်သက်မှတ်မှတ်ကန်တော့မယ်ဆိုလျှင်မိဘများအတွက်အဆင်ပြေသွားပြီပေါ့ဗျာ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source : ေမနာ Manaaw’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *