ဖိနပ္မပါပဲ ေျပးစက္ေပၚမွာ ေျပးခဲ့တာေၾကာင့္ ေျခေခ်ာင္းေတြမွာ ဒဏ္ရာေတြရရွိခဲ့တဲ့ မင္းေမာ္ကြန္း

အကယ္ဒမီ မင္းသားႀကီး ဇင္ဝိုင္းရဲ႕သားျဖစ္သူ မင္းေမာ္ကြန္းဟာ ဖခင္ျဖစ္သူရဲ႕ အႏုပညာအေမြေတြကို ဆက္ခံႏိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မင္းေမာ္ကြန္းက “ႏွလုံးလွလူမိုက္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ (၂၀၀၁)ခုႏွစ္မွာ အကယ္ဒမီဆုရရွိခဲ့ၿပီးေနာက္

အကယ္ဒမီဆုႀကီးနဲ႔ လြဲေခ်ာေနတာ (၁၉)ႏွစ္ေတာင္ ၾကာျမင့္ေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ မင္းေမာ္ကြန္းကို ဒီေန႔ဒီအခ်ိန္ထိ အားေပးေနၾကဆဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ မင္းေမာ္ကြန္းက သူ႔ရဲ႕ ပရိသတ္၊ အသိမိတ္ေဆြေတြထဲက

ေျပးစက္နဲ႔အားကစားလုပ္သူေတြကို သူ႔ရဲ႕အျဖစ္ေလးနဲ႔ ဥပမာျပသတိေပးခဲ့တာကို ေတြ႕ရပါတယ္။ မင္းေမာ္ကြန္းက အားကစားလုပ္တဲ့ေျပးစက္ေပၚကို ဖိနပ္မပါပဲ အသုံးျပဳခဲ့တာေၾကာင့္ ေျခေခ်ာင္းေတြမွာ ဒဏ္ရာရရွိခဲ့ကာ “ေျပးစက္ကိုဖိနပ္ဝတ္ၿပီးမွေျပးၾကပါေနာ္”

ဆိုျပီး သတိေပးထားတာပဲ ျဖစ္ပါတယ္။ မင္းေမာ္ကြန္းကေတာ့ သူ့ရဲ့ ကိုယ္ေတြ့အျဖစ္ကေလးနဲ့ ပရိသတ္ေတြ ဆင္ျခင္နိုင္ေအာင္ သတိေပးစကားေလးဆိုထားတာ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကိုလည္း ေက်းဇူးအထူးတင္ရိွပါတယ္။

Read in UNICODE

အကယ်ဒမီ မင်းသားကြီး ဇင်ဝိုင်းရဲ့သားဖြစ်သူ မင်းမော်ကွန်းဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းက “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၀၁)ခုနှစ်မှာ အကယ်ဒမီဆုရရှိခဲ့ပြီးနောက်

အကယ်ဒမီဆုကြီးနဲ့ လွဲချောနေတာ (၁၉)နှစ်တောင် ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ မင်းမော်ကွန်းကို ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းမော်ကွန်းက သူ့ရဲ့ ပရိသတ်၊ အသိမိတ်ဆွေတွေထဲက

ပြေးစက်နဲ့အားကစားလုပ်သူတွေကို သူ့ရဲ့အဖြစ်လေးနဲ့ ဥပမာပြသတိပေးခဲ့တာကို တွေ့ရပါတယ်။ မင်းမော်ကွန်းက အားကစားလုပ်တဲ့ပြေးစက်ပေါ်ကို ဖိနပ်မပါပဲ အသုံးပြုခဲ့တာကြောင့် ခြေချောင်းတွေမှာ ဒဏ်ရာရရှိခဲ့ကာ “ပြေးစက်ကိုဖိနပ်ဝတ်ပြီးမှပြေးကြပါနော်”

ဆိုပြီး သတိပေးထားတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ သူ့ရဲ့ ကိုယ်တွေ့အဖြစ်ကလေးနဲ့ ပရိသတ်တွေ ဆင်ခြင်နိုင်အောင် သတိပေးစကားလေးဆိုထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Source : Kyaw Kyaw Htay Lwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *