မင်းမော်ကွန်း နဲ့ ကျော်ကျော်ဗိုလ်ရဲ့အားသာချက်တွေကို ပြောပြပြီး သဘောကျမဆုံးဖြစ်နေတဲ့ ဇေယျ
Read in UNICODE
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားဇေယျကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး Music Video တိုင်းမှာ သရုပ်ဆောင်ကာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို လွှမ်းမိုးသိမ်းပိုက်နိုင်ခဲ့သူပဲဖြစ်ပါတယ်.။ အနုပညာအလုပ်တွေကို လည်း ခြေလှမ်းကျဲကျဲနဲ့ လုပ်ဆောင်နေသလို အပြင်စီးပွားရေး အလုပ်တွေကိုလည်း လုပ်ကိုင်နေသူပါ.။ ဇေယျက
သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ တစ်ခါတစ်ရံ သူငယ်ချင်း ဝိုင်းစုတို့စုံတွဲနဲ့အတူ အပျော်ခရီးသွားကာ ခရီးပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ ဇေယျဟာ သူရှာလို့ ရသမျှပိုက်ဆံကို မိဘနှစ်ပါးအတွက် အသုံးပြုကာ တစ်ဦးတည်း Single ဘဝကို ဖြတ်သန်းနေတာပါ.။ ဒီနေ့ မေလ (၃၁)ရက်နေ့မှာတော့ ဇေယျက အနုပညာရှင် သူငယ်ချင်းလို ရင်းနှီးချစ်ခင်တဲ့ အကို ကျော်ကျော်ဗိုနဲ့ မင်းမော်ကွန်းတို့ရဲ့ အတူတူ
သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပုံရိပ်လေးနဲ့အတူ “ဘယ်တော့မှအသက်မကြီးတော့ဘဲ အမြဲနုပျိုနေသောအကို(၂)ယောက်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဇေယျကတော့ ဘယ်အချိန်ကြည့်ကြည့် အရင်အတိုင်းနုပျိုကာ ပျော်ပျော်နေတတ်တဲ့ ကျော်ကျော်ဗိုနဲ့ မင်းမော်ကွန်းတို့ကို အားကျနေတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး။ ပရိသတ်ကြီးရော ဇေယျလိုပဲ မင်းမော်ကွန်းနဲ့ ကျော်ကျော်ဗိုတို့ကို အားကျပြီး အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးသွားပါဦးနော်.။
Source : Zay Ya’s Facebook
Add a Comment
Your email address will not be published. Required fields are marked *