႐ုပ္ရွင္႐ိုက္ကူးေရးေတြ ျပန္လုပ္ဖို႔ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြမ်ားတယ္ဆိုတဲ့ ဦးညီညီထြန္းလြင္

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္ကေတာ့ အႏုပညာအလုပ္ေတြျပန္လုပ္မယ္ ဆိုပါက ႐ိုက္ကူးေရးအတြက္ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ ဇူလိုင္လ ေလာက္မွာ ႐ိုက္ကူးေရးေတြ ျပန္လုပ္ဖို႔ ပိုသင့္ေတာ္တယ္လို႔လည္း ေျပာျပလာပါတယ္။ “ အခုခ်ိန္မွာ ေၾကာ္ျငာ႐ိုက္ခ်င္တဲ့သူတို႔၊ ဇာတ္လမ္းတြဲ႐ိုက္ခ်င္တဲ့ သူတို႔ကလာၿပီး စုံစမ္း ေမးျမန္းေနၾကတာေတြရွိပါတယ္။ ကြၽန္ေတာ့္ အထင္ကေတာ့ ဇူလိုင္ ေက်ာင္းေတြ ျပန္ဖြင့္တဲ့ အခ်ိန္မွာ

လုပ္တာက ပိုသင့္ေတာ္မယ္ ထင္တာပဲ။ ႐ိုက္မယ္ဆိုရင္ ႐ိုက္ကြင္းမွာ ပါတဲ့လူေတြက လြန္ခဲ့တဲ့ တစ္လအတြင္း ခရီးသြားရာဇဝင္ ေဖာင္ကိုပါ ျဖည့္ၿပီးေတာ့ တင္ရမယ္။ သံသယလူနာနဲ႔ ထိေတြ႕မႈ ရွိမရွိဆိုတာကိုလည္း ေဖာင္ျဖည့္ရတယ္။ ႐ိုက္ကြင္းမွာဆိုလည္း က်န္းမာေရး ဝန္ထမ္းတစ္ေယာက္၊ သူနာျပဳ တစ္ေယာက္ ထားရမယ္။ ကိုယ္အပူခ်ိန္တိုင္းရမယ္။ မနက္ ေရာက္ေရာက္ျခင္းလုပ္လို႔မရဘူး။ မနက္ တစ္ခါ၊ ေန႔လယ္ တစ္ခါ စစ္ေပးရမယ္။ စည္းမ်ဥ္းစည္းကမ္းေတြေတာ့ မ်ားတယ္။ လိုက္နာဖို႔လည္း လိုတယ္။ သ႐ုပ္ေဆာင္ေတြက

လြဲရင္ က်န္တာေတြက ၆ ေပၾကား Mask ေတြ တပ္ထားရမယ္။ မိတ္ကပ္၊ ဆံပင္ လုပ္တဲ့လူက်ေတာ့ ထိေတြ႕မႈ နီးကပ္တယ္ဆိုေတာ့ face shields ေတြ ဝတ္ရမယ္” လို႔ ေမလ ၂၇ ရက္ေန႔က ဇာဂနာတို႔ အလႉမွာ ေျဖဆိုခဲ့တာပါ။ Covid -19 ကာလမွာ လူစုလူေဝး မလုပ္ရဘူးဆိုတာေၾကာင့္ အႏုပညာရွင္ေတြလည္း ႐ိုက္ကူးေရးအလုပ္ေတြ ရပ္နားထားရသလို ႐ုပ္ရွင္႐ုံေတြလည္း ပိတ္ထားခဲ့ရတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္ဖို႔၊ ႐ုပ္ရွင္ဇာတ္ကားေတြ

႐ုံတင္ျပသဖို႔အတြက္ကိုလည္း အခက္အခဲေတြ ရွိေနေသးတယ္လို႔ ဦးညီညီထြန္းလြင္က ေျပာပါတယ္။ “ စတိတ္ရႈိးလိုမ်ိဳး ေလဟာျပင္မွာ လုပ္လို႔ရတာမ်ိဳးဆိုရင္ေတာ့ မဆိုးဘူးေပါ့ေနာ္။ ႐ုပ္ရွင္ဆိုတာက ႐ုံထဲမွာ ၾကည့္ရတာ အလုံပိတ္အခန္းထဲေပါ့။ လာၾကည့္လို႔ရရင္ေတာင္မွ လာၾကည့္တဲ့ ပရိသတ္ေတြက သူတို႔ေတြ စိတ္သန႔္ပါ့မလား ဒါေတြလည္း စဥ္းစားရမယ္ေလ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ ၂၀၁၉ ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆု

ေပးပြဲရက္ကိုလည္း ေ႐ႊ႕ဆိုင္းထားတာ ေတြ႕ရပါတယ္။ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္ကေတာ့ အႏုပညာေလာကမွာ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး အကယ္ဒမီဆုလည္း ရရွိၿပီးသူတစ္ေယာက္ပါ။ သူဟာ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ရာထူးကို၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔မွစၿပီး တာဝန္ယူေဆာင္႐ြက္ခဲ့ရတာျဖစ္ပါတယ္။ အႏုပညာေလာကအတြက္ ဥကၠဌေကာင္း တစ္ေယာက္ျဖစ္မယ္လု႔ိ လည္း အႏုပညာရွင္မ်ားစြာ တို႔က မွတ္ခ်က္ေပးခံထားရသူတစ္ဦးပါပဲ။

Read in UNICODE

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာအလုပ်တွေပြန်လုပ်မယ် ဆိုပါက ရိုက်ကူးရေးအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ လောက်မှာ ရိုက်ကူးရေးတွေ ပြန်လုပ်ဖို့ ပိုသင့်တော်တယ်လို့လည်း ပြောပြလာပါတယ်။ “ အခုချိန်မှာ ကြော်ငြာရိုက်ချင်တဲ့သူတို့၊ ဇာတ်လမ်းတွဲရိုက်ချင်တဲ့ သူတို့ကလာပြီး စုံစမ်း မေးမြန်းနေကြတာတွေရှိပါတယ်။ ကျွန်တော့် အထင်ကတော့ ဇူလိုင် ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ

လုပ်တာက ပိုသင့်တော်မယ် ထင်တာပဲ။ ရိုက်မယ်ဆိုရင် ရိုက်ကွင်းမှာ ပါတဲ့လူတွေက လွန်ခဲ့တဲ့ တစ်လအတွင်း ခရီးသွားရာဇဝင် ဖောင်ကိုပါ ဖြည့်ပြီးတော့ တင်ရမယ်။ သံသယလူနာနဲ့ ထိတွေ့မှု ရှိမရှိဆိုတာကိုလည်း ဖောင်ဖြည့်ရတယ်။ ရိုက်ကွင်းမှာဆိုလည်း ကျန်းမာရေး ဝန်ထမ်းတစ်ယောက်၊ သူနာပြု တစ်ယောက် ထားရမယ်။ ကိုယ်အပူချိန်တိုင်းရမယ်။ မနက် ရောက်ရောက်ခြင်းလုပ်လို့မရဘူး။ မနက် တစ်ခါ၊ နေ့လယ် တစ်ခါ စစ်ပေးရမယ်။ စည်းမျဉ်းစည်းကမ်းတွေတော့ များတယ်။ လိုက်နာဖို့လည်း လိုတယ်။ သရုပ်ဆောင်တွေက

လွဲရင် ကျန်တာတွေက ၆ ပေကြား Mask တွေ တပ်ထားရမယ်။ မိတ်ကပ်၊ ဆံပင် လုပ်တဲ့လူကျတော့ ထိတွေ့မှု နီးကပ်တယ်ဆိုတော့ face shields တွေ ဝတ်ရမယ်” လို့ မေလ ၂၇ ရက်နေ့က ဇာဂနာတို့ အလှူမှာ ဖြေဆိုခဲ့တာပါ။ Covid -19 ကာလမှာ လူစုလူဝေး မလုပ်ရဘူးဆိုတာကြောင့် အနုပညာရှင်တွေလည်း ရိုက်ကူးရေးအလုပ်တွေ ရပ်နားထားရသလို ရုပ်ရှင်ရုံတွေလည်း ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့၊ ရုပ်ရှင်ဇာတ်ကားတွေ

ရုံတင်ပြသဖို့အတွက်ကိုလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ “ စတိတ်ရှိုးလိုမျိုး လေဟာပြင်မှာ လုပ်လို့ရတာမျိုးဆိုရင်တော့ မဆိုးဘူးပေါ့နော်။ ရုပ်ရှင်ဆိုတာက ရုံထဲမှာ ကြည့်ရတာ အလုံပိတ်အခန်းထဲပေါ့။ လာကြည့်လို့ရရင်တောင်မှ လာကြည့်တဲ့ ပရိသတ်တွေက သူတို့တွေ စိတ်သန့်ပါ့မလား ဒါတွေလည်း စဉ်းစားရမယ်လေ” လို့ ဆက်လက် ပြောပြလာပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု

ပေးပွဲရက်ကိုလည်း ရွှေ့ဆိုင်းထားတာ တွေ့ရပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။

Source : Duwun | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *