အလြမ္းသီခ်င္းေလးေတြေရးရင္း ပရိသတ္ေတြကို သတိရေနတယ္ဆိုတဲ့ ဆိုေတး

ဆိုေတးကေတာ့ အိမ္မွာေနတဲ့ အခ်ိန္မွာ သီခ်င္းဆိုျဖစ္တိုင္း ပရိသတ္ေတြကို သတိရတယ္လို႔ ဆိုပါတယ္။ သူခ်စ္ရတဲ့ ပရိသတ္ေတြက်န္းမာေရးေကာင္းရဲ႕လားလို႔လည္း စိတ္ပူမိတယ္လို႔ ေျပာလာပါတယ္။ “ ကြၽန္ေတာ့္ ပရိသတ္ေတြကို ကြၽန္ေတာ္ သတိရတယ္။ တစ္ခါတေလက်ရင္ သူတို႔ ေနေကာင္းၾကရဲ႕လား စဥ္းစားမိတယ္။ ရန္ကုန္က ပရိသတ္ေတြေရာ၊ နယ္က ပရိသတ္ေတြကိုေရာ ကြၽန္ေတာ္ သတိရတယ္။ ကြၽန္ေတာ္ အိမ္မွာဆို ကိုယ့္ဘာသာကိုယ္ တစ္ေယာက္တည္း သီခ်င္းဆိုေနမိရင္

ဒီအခ်ိန္မွာ ဒီသီခ်င္းကို ငါ့ပရိသတ္ေတြနဲ႔ အတူတူဆိုေနၾက ဆိုၿပီးေတာ့ ျပန္စဥ္းစားမိတယ္” လို႔ ရယ္ရယ္ေမာေမာ ေျပာျပလာပါတယ္။ လက္ရွိမွာေတာ့ အဆိုေတာ္ ဆိုေတးဟာ သီခ်င္းအေခြအသစ္ထြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။ အခ်စ္ သီခ်င္းေလးေတြ ပါဝင္သြားမယ္လို႔လည္း သူကေျပာပါတယ္။ “ ကြၽန္ေတာ့္ အစ္ကိုနဲ႔ ကြၽန္ေတာ္နဲ႔ အတြဲ သီခ်င္း အသစ္ေလးေတြလုပ္ျဖစ္မယ္။ ညီအစ္ကို ႏွစ္ေယာက္စလုံးရဲ႕ သီခ်င္းပုံစံေလးေတြက တူတယ္ဆိုေပမယ့္ ကြဲျပားတယ္။ သီခ်င္းေလးေတြက

ခ်ိဳခ်ိဳေအးေအး ေပါ့(ပ္) သီခ်င္းေလးေတြပါပဲ။ သီခ်င္းကေတာ့ ႏွစ္ေယာက္စလုံး လုပ္ေတာ့ လုပ္ေနၾကတယ္။ ဘယ္ေတာ့ ထြက္မလဲ မသိေသးတာေပါ့ေနာ္” လို႔ သူက ဆိုပါတယ္။ဆိုေတးကေတာ့ အလြမ္းသီခ်င္းေလးေတြ ပိုေရးျဖစ္တယ္လို႔ေျပာပါတယ္။ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ က်န္းမာေရးကိုလည္း ေသေသခ်ာခ်ာ ဂ႐ုစိုက္ေနတယ္လို႔ ဆိုပါတယ္။ “ လြမ္းတဲ့ သီခ်င္းေတြ ေရးျဖစ္တယ္။ ဘာကို လြမ္းလို႔ လြမ္းမွန္း မသိဘူး။ ကြၽန္ေတာ္လည္း လြမ္းေတာ့

လြမ္းရွာတယ္။ ပရိသတ္ေတြကိုလည္း လြမ္းတယ္၊ ခ်စ္တဲ့သူေတြကိုလည္း လြမ္းတယ္။ ဒါေပမယ့္ ပရိသတ္ေတြနဲ႔ ျပန္ေတြ႕တဲ့အခါက်ရင္ သီခ်င္းေတြ ေကာင္းေကာင္းျပန္ဆိုႏိုင္ဖို႔ အခုခ်ိန္မွာ က်န္းမာေရးကို ဂ႐ုစိုက္ေနတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ ဆိုေတးကိုေတာ့ ၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ‘’မီးအိမ္ရွင္’’ ဆိုတဲ့ ပထမဆုံးတစ္ကိုယ္ေတာ္အေခြကေန ပရိသတ္အားေပးမႈအမ်ားႀကီး ရရွိခဲ့တာျဖစ္ပါတယ္။ လူငယ္ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔

ထပ္တူက်ခဲ့တာေၾကာင့္လည္း အမ်ားႀကီး ေအာင္ျမင္ခဲ့ပါတယ္။ အဲဒီေနာက္ ဒုတိယတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ ‘’မဂၤလာပါ’’ အေခြကိုေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ အက္ဆီးဒင့္ျဖစ္ခဲ့တာေၾကာင့္ ဂီတေလာကနဲ႔ အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္သြားခဲ့ပါေသးတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ က်န္းမာေရး အေျခအေန ျပန္ေကာင္းလာတာ ျဖစ္ၿပီး ဂီတအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာတာ ေတြ႕ရပါတယ္။ တတိယေျမာက္ တစ္ကိုယ္ေတာ္ အေခြ ထြက္ႏိုင္ဖို႔လည္း ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

Read in UNICODE

ဆိုတေးကတော့ အိမ်မှာနေတဲ့ အချိန်မှာ သီချင်းဆိုဖြစ်တိုင်း ပရိသတ်တွေကို သတိရတယ်လို့ ဆိုပါတယ်။ သူချစ်ရတဲ့ ပရိသတ်တွေကျန်းမာရေးကောင်းရဲ့လားလို့လည်း စိတ်ပူမိတယ်လို့ ပြောလာပါတယ်။ “ ကျွန်တော့် ပရိသတ်တွေကို ကျွန်တော် သတိရတယ်။ တစ်ခါတလေကျရင် သူတို့ နေကောင်းကြရဲ့လား စဉ်းစားမိတယ်။ ရန်ကုန်က ပရိသတ်တွေရော၊ နယ်က ပရိသတ်တွေကိုရော ကျွန်တော် သတိရတယ်။ ကျွန်တော် အိမ်မှာဆို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သီချင်းဆိုနေမိရင်

ဒီအချိန်မှာ ဒီသီချင်းကို ငါ့ပရိသတ်တွေနဲ့ အတူတူဆိုနေကြ ဆိုပြီးတော့ ပြန်စဉ်းစားမိတယ်” လို့ ရယ်ရယ်မောမော ပြောပြလာပါတယ်။ လက်ရှိမှာတော့ အဆိုတော် ဆိုတေးဟာ သီချင်းအခွေအသစ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အချစ် သီချင်းလေးတွေ ပါဝင်သွားမယ်လို့လည်း သူကပြောပါတယ်။ “ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော်နဲ့ အတွဲ သီချင်း အသစ်လေးတွေလုပ်ဖြစ်မယ်။ ညီအစ်ကို နှစ်ယောက်စလုံးရဲ့ သီချင်းပုံစံလေးတွေက တူတယ်ဆိုပေမယ့် ကွဲပြားတယ်။ သီချင်းလေးတွေက

ချိုချိုအေးအေး ပေါ့(ပ်) သီချင်းလေးတွေပါပဲ။ သီချင်းကတော့ နှစ်ယောက်စလုံး လုပ်တော့ လုပ်နေကြတယ်။ ဘယ်တော့ ထွက်မလဲ မသိသေးတာပေါ့နော်” လို့ သူက ဆိုပါတယ်။ဆိုတေးကတော့ အလွမ်းသီချင်းလေးတွေ ပိုရေးဖြစ်တယ်လို့ပြောပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးကိုလည်း သေသေချာချာ ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ “ လွမ်းတဲ့ သီချင်းတွေ ရေးဖြစ်တယ်။ ဘာကို လွမ်းလို့ လွမ်းမှန်း မသိဘူး။ ကျွန်တော်လည်း လွမ်းတော့

လွမ်းရှာတယ်။ ပရိသတ်တွေကိုလည်း လွမ်းတယ်၊ ချစ်တဲ့သူတွေကိုလည်း လွမ်းတယ်။ ဒါပေမယ့် ပရိသတ်တွေနဲ့ ပြန်တွေ့တဲ့အခါကျရင် သီချင်းတွေ ကောင်းကောင်းပြန်ဆိုနိုင်ဖို့ အခုချိန်မှာ ကျန်းမာရေးကို ဂရုစိုက်နေတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ ဆိုတေးကိုတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မီးအိမ်ရှင်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေ ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့

ထပ်တူကျခဲ့တာကြောင့်လည်း အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မင်္ဂလာပါ’’ အခွေကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အက်ဆီးဒင့်ဖြစ်ခဲ့တာကြောင့် ဂီတလောကနဲ့ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာတာ ဖြစ်ပြီး ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ တတိယမြောက် တစ်ကိုယ်တော် အခွေ ထွက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *