ကလေးမွေးပြီးရင် ရှေရှည်အနားယူရမယ်ဆိုတာ စဉ်းစားမိလို့ အခုထဲက ကိုယ်ဝန်ကြီးနဲ့ အလုပ်တွေ ကြိုးစားနေရတာပါဆိုတဲ့ အိအိတုန်
Read in UNICODE
အိအိတုန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးကြောင့် အနုပညာအလုပ်ကိုပဲ လုပ်ကိုင်လို့မရတဲ့အတွက် အိအိတုန်က အွန်လိုင်းကနေ လူသုံးကုန်ပစ္စည်းတွေ ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ဒုတိယမြောက်ကိုယ်ဝန်ကို
လွယ်ထားရတဲ့ အိအိတုန်က သူမအနေနဲ့ တစ်ရက်မှမနားပဲ အလုပ်တွေလုပ်နေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “ဈေးရောင်းတာမပင်ပန်းဘူးလားမေးနေတဲ့အစ်မတွေ ပင်ပန်းတာပေါ့။ အရမ်းကိုပင်ပန်းတာ။ လုပ်နိုင်တဲ့အချိန်၊ ရှာနိုင်နေတဲ့အချိန်၊ ကံပေးနေတဲ့အချိန်မှ ာနှစ်ဆကြိုးစားထားရမယ်။ အဲ့ဒါမှအတော်ပဲလေ။ ပြီးတော့ကလေးလရင့်လာရင်၊
မွေးဖွားပြီးရင် ခဏအနားယူရမယ်။ ရေရှည်ကိုတွေးထားပြီးအခုထဲက အရင်ကထက်ကြိုးစားရမယ်။ အခုလည်းကြိုးစားမူရလာဘ်အရာထင်နေပြီ။ ရှေ့ဆက်ပြီးအနှောင့်အယှက်အဟန့်အတားတွေ ကျော်ဖြတ်ပြီးအကောင်းဆုံးကြိုးစားမယ်။” “အခုချိန်မှာစီးပွားရေးအကြောင်း
အနည်းငယ်နားလည်လာပြီ။ အွန်လိုင်းလုပ်လာတာ တစ်နှစ်ကျော်ကြာလာတော့ အတွေ့ကြုံတွေ၊ လူတွေရဲ့စိတ်နေစိတ်ထား။ စိတ်ထဲကဖြစ်နေတဲ့စိတ်တွေအကုန်မြင်ရတယ်။ အခုကဗိုက်နဲ့ဆိုတော့ပိုပင်ပန်းပါတယ်။ ပင်ပန်းပေမဲ့ပျော်တယ်။ ကံပေးတဲ့အချိန်အလုပ်ကို
ဖိလုပ်တဲ့သဘောပါ။” ဆိုပြီး ပြောထားပါတယ်။ အိအိတုန်ကတော့ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီဖြစ်ပြီး အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Ei Tone’s Facebook
Add a Comment
Your email address will not be published. Required fields are marked *