မအားတဲ့ကြားထဲက သူငယ်ချင်းဖြစ်သူ ဇော်ပိုင်အတွက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ညီနန္ဒ





Read in UNICODE

ညီနန္ဒကတော့ ဝါရင့်သရုပ်ဆောင်မင်းသားတစ်လက်ပါပရိသတ်ကြီးရေ ။ဆယ်စုနှစ်တစ်ခုကြာအောင်အနူပညာလောကထဲ ဖြတ်သန်းကျင်လည်ပြီး အခုဆိုရင် ဇာတ်လမ်းတွဲတွေမှာ မိဘနေရာကနေပါဝင်နေပြီပဲ ဖြစ်ပါတယ်။ အခုလို Covid 19ကြောင့်

အနုပညာအလုပ်တွေရပ်နားထားတဲ့အချိန်မှာလည်း မိသားစုစီးပွားရေးဖြစ်တဲ့ ထောပတ်ထမင်းရောင်းချတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်ဦးစီးကာ လုပ်ကိုင်နေတယ်လို့သိရပါတယ်။ဒီနေ့ကျရောက်တဲ့ မေလ( ၃၁ )ရက်နေ့ကတော့ ပြည်သူ့အချစ်တော်အဆိုတော်ကြီး

ဇော်ပိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်တာကြောင့် သူငယ်ချင်းဖြစ်သူဇော်ပိုင်အတွက် ညီနန္ဒကဆုမွန်ကောင်းတောင်ပေးခဲ့ပါတယ်နော်။ “Happy Birthday ပါ သူငယ်ချင်းရေ… ချစ်ရတဲ့မိသားစုနဲ့အတူ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည်စုံပါစေ…

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းဖြစ်ပါစေ…ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံပါစေ.ထောပတ်ထမင်းတွေလည်း ခဏခဏ မှာစားပါစေ…”ဆိုတဲ့စာလေးနဲ့ သူငယ်ချင်းအတွက်သတိတရနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ ပရိသတ်ကြီးလည်း ဇော်ပိုင်အတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

Source : Nyi Nanda’s Facebook

Add a Comment

Your email address will not be published. Required fields are marked *