အပူတွေများလွန်းတဲ့ ကမ္ဘာကြီးမှာ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖို့ မေတ္တာနဲ့သတိပေးခဲ့တဲ့ စမိုင်းလ်





Read in UNICODE

စမိုင်းလ်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ အချိန်ပေး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စမိုင်းလ်က အနုပညာနယ်ပယ်နဲ့ အနည်းငယ် အလှမ်းဝေးနေပြီ ဖြစ်ပေမယ့် သူမကို အားပေးနေကြတဲ့

ပရိသတ်တွေအတွက် လူမှုကွန်ယက်ကို အသုံးပြုပြီး နီးနီးကပ်ကပ်ရှိအောင် ကြိုးစားနေလျက် ရှိပါတယ်။ ပရိသတ်တွေကလည်း စမိုင်းလ်နဲ့တကွ စမိုင်းလ်ရဲ့ မိသားစုလေးကိုပါ ချစ်ခင်ကြပါတယ်။ ပြည့်စုံကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး

အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော ပြုလုပ်တတ်တဲ့ စမိုင်းလ်က အရာရာကို မျှဝေခံစားပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမိုင်းလ်က သူမရဲ့ ပရိသတ်တွေကို “အပူတွေများနေတဲ့ကမ္ဘာကြီးမှာအေးချမ်းအောင်နေ”

ဆိုပြီး သတိပေးစကားလေး ဆိုထားပါတယ်။ စမိုင်းလ်ကတော့ သူမရဲ့ဘဝကို ဘုရားတရား ကုသိုလ်ရေးတွေလုပ်ရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပူတွေများတဲ့ ကမ္ဘာကြီးမှာ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s Facebook

Add a Comment

Your email address will not be published. Required fields are marked *