သူမပုံစံနဲ့ ပိုက်ဆံလိုက်ချေးနေတဲ့သူတွေကြောင့် စိတ်ညစ်နေရတဲ့ အဆိုတော်မလေး ခင်ပိုးပန်းချီ
Read in UNICODE
ကြည်လင်ချိုအေးတဲ့ အသံလေးကြောင့် ခင်ပိုးပန်းချီက တရားတောင်းအစီအစဉ်တွေကနေတဆင့် နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက အခုလက်ရှိမှာတော့ ဆယ်တန်းစာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုဖို့ ပြင်ဆင်နေသလို အနုပညာအလုပ်တွေကိုလည်း လက်လှမ်းမှီသလောက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ လူျများကျော်ကြားသူတစ်ယောက်ဖြစ်တဲ့
ခင်ပိုးပန်းချီက ဒီတစ်ခါမှာတော့ သူမအနေနဲ့ ဖေ့စ်ဘုတ်သုံးရတာ မလုံခြုံတော့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ “သမီးဒီနေ့ညကစလို့ Post တွေကို Public နဲ့မတင်တော့ပါဘူးရှင်။ Facebook သုံးရတာ မလုံခြုံတော့ပဲ ခဏခဏလဲ ဟက်ခံနေရပါတယ်။ သမီး Post တစ်ခုတင်လိုက်တိုင်း အဲ့ဒီ့ Post မှာ Like,comment ပေးတဲ့သူတွေကို
သမီးပုံစံ,သမီးနာမည်နဲ့ ပိုက်ဆံလိုက်လံချေးနေပါတယ်။ သမီးလဲ Friend ထဲမှာသေသေချာချာ လေးစီစစ်နေပါတယ်။ နောက်ပိုင်းအဆင်မပြေရင်လဲ Facebook မသုံးပဲ Acc ဖျက်ဖို့များပါတယ်။သမီးပုံလေးတွေ ကြည့်ချင်တာပဲဖြစ်ဖြစ် သမီးသီချင်းလေးတွေနားထောင်ချင်တာပဲ ဖြစ်ဖြစ် Instagram Acc နဲ့
Youtube Official Channel ကို Link ပေးပါမယ်နော်” ဆိုပြီး ပြောလာပါတယ်။ ခင်ပိုးပန်းချီကတော့ ကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိချင်တဲ့အတွက် လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးပြုနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Khin Poe Panchi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *