အခေၾကးေငြလံုးဝမယူပဲ အစားအေသာက္ေရာင္းေနတဲ့ သူေတြအတြက္ ကူညီၿပီး ေၾကာ္ျငာေပးမယ္ဆိုတဲ့ ယုန္ေလး

အဆိုေတာ္၊ သရုပ္ေဆာင္၊ ဒါရိုက္တာကေတာ့ သူ့ရဲ့ အနုပညာေၾကာင့္သာမကပဲ သူတစ္ပါးကို ကူညီခ်င္တဲ့ စိတ္ေကာင္းေစတနာေကာင္းေၾကာင့္ လူသိမ်ား ထင္ရွားသူတစ္ေယာက္ ျဖစ္ပါတယ္။ မဟုတ္မခံစိတ္ရိွတဲ့ ယုန္ေလးက အားနည္းသူ၊ ခ်ိဳ့တဲ့သူ၊ အကူအညီလိုအပ္သူေတြကို သူတတ္နိုင္သေလာက္ ကူညီဖို့ အျမဲစဥ္းစားေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ယုန္ေလးကအစားအေသာက္ေရာင္းေနတဲ့ ပရိသတ္ေတြအတြက္ အခေၾကးေငြမယူပဲ တစ္ဖက္တစ္လမ္းက

ကူညီျပီးေၾကာ္ျငာေပးမယ့္အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။ “Covid ျဖစ္တယ္ အကုန္အဆင္မေျပၾကဘူး။ ပံုမွန္ဝင္ေငြမရိွတဲ့အခ်ိန္မွာ ပံုမွန္ဝင္ေငြျပန္ရိွေအာင္ လူတိုင္းဖန္တီးရမွာပဲ။ တက္က်ိဴးရင္ လက္နဲ႔ ေလွာ္ရမွာပဲေလ။ ဗီဒီယိုေလာက ပ်က္စီးသြားထဲက အလုပ္လက္မဲ့မ်ားသြားလို႔ Online မွာေစ်းေရာင္းတဲ့လူေတြ၊ စားေသာက္ကုန္ အနည္းငယ္ေလးေရာင္းတဲ့ လူေတြ အစထဲကရိွပါတယ္။ Covid ျဖစ္ေတာ့ ပံုမွန္လည္ပတ္ႏိုင္ေအာင္၊ မကြ်မ္းက်င္တဲ့ အလုပ္ကို အရဲစြန္႔ၿပီး စမ္းတဝါးဝါး လုပ္ၾကတယ္။ ပရိသတ္ေတြကခ်စ္ၿပီး

မထင္ထားတဲ့ အရာေတြ ျဖစ္ေတာ့ အလုပ္အဆင္ေျပရင္ လူတိုင္းေပ်ာ္တယ္ေလ။ တစ္ေယာက္စကား တစ္ေယာက္ေပါ့ အဲ့လိုလုပ္ရင္းနဲ႔ အရမ္းမ်ားလာတာပါ။” “တစ္ခ်ိဳ႕ေတြကက်ေတာ့ ပိုက္ဆံ အဆင္ေျပရဲ႕သားနဲ႔ ဘာလို႔ေရာင္းလဲဆိုေတာ့ လူပ္ရွားေနတဲ့ လူေတြ အခ်ိန္ၾကာၾကာ Stay Home ဆိုေတာ့ မေနႏိုင္က်ဘူးေလ။ ပ်င္းလို႔ေရာင္းၾကတာပါ။ တစ္ခ်ိဳ႕ေတြက်ေတာ့လည္း တကယ္ကို အဆင္မေျပတာ ေရာင္းမွျဖစ္မယ့္ အေနထားေတြမို႔လို႔ပါ။ ကင္မရာေရွ႕ မိုက္ကရိုဖုန္းေရွ႕၊ ရူတင္ Studio မွာပဲ ႀကီးျပင္းခ်င္တဲ့လူေတြ အသားငါးေဆး၊ ေစ်းဝယ္၊ ဟင္းခ်က္

ဘယ္သူက လုပ္ခ်င္မွာလဲ လုပ္တဲ့လူေတြကို ေစာ္ကားတာမဟုတ္ပါဘူး။” “သူတို႔ေတြမွာ ေစ်းသည္ေတြ ထိခိုက္ေစဆိုတဲ့ရည္ရြယ္ခ်က္လံုးဝ လံုးဝ မရိွပါဘူး။ အလုပ္မရွိတဲ့ လူတန္းစားတစ္ခ်ိဳ႕ေတြကိုပါ။ သူတို႔ အလုပ္ျပန္ေပးလာႏိုင္ပါတယ္။ တစ္ခ်ိဳ႕ ထိခိုက္တဲ့ ေစ်းေရာင္းတဲ့ ညီအစ္ကို ေမာင္ႏွစ္မေတြ ထိခိုက္ေကာင္းလည္း ထိခိုက္ႏိုင္ပါတယ္။ အဲ့ ညီအစ္ကိုေမာင္ႏွစ္မေတြ အတြက္ ကြ်န္ေတာ္ ကူညီႏိုင္တာကေတာ့ အိမ္ကို စားစရာ လံုးဝမပို႔ပါနဲ႔။ Fb ကေန ဆိုင္နာမည္ နဲ႔ ဆက္သြယ္ရမယ့္

လိပ္စာ၊ ေစ်းႏႉန္း၊ အစားအေသာက္ကို ဓာတ္ပံုလွလွေလး ရိုက္ပို႔ေပးပါ။ ကြ်န္ေတာ္ အခမဲ့ ေၾကညာေပးပါမယ္။” “Fb မွာ အႏုပညာရွင္ေတြေၾကညာေပးၿပီ တင္ေပးရင္ အႏုပညာေၾကးဆိုတာရိွပါတယ္။ ဒီ Covid မွာ ေန႔တိုင္း စားစားျပေနတာက ကြ်န္ေတာ္လည္း အကုန္ မစားႏိုင္ပါဘူး။ ကိုယ္ရင္းနီးတဲ့လူေတြ အဆင္ေျပပါေစဆိုတဲ့ စိတ္ေလးနဲ႔ ေမတၱာနဲ႔ တင္ေပးေနတာပါ။ အဲ့လိုပဲ အႏုပညာရွင္ေတြလည္း စိတ္ဓာတ္မေသးသိမ္က်ပါဘူး။” ဆိုျပီး ေျပာထားပါတယ္။ ယုန္ေလးကေတာ့ ေစ်းေရာင္းေနၾကတဲ့ ပရိသတ္ေတြအဆင္ေျပေစဖို့ ကူညီနိုင္မယ့္အေၾကာင္းကို ေမတၱာနဲ့ ေျပာထားတာ ေက်နပ္စရာပါပဲေနာ္။

Read in UNICODE

အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာကတော့ သူ့ရဲ့ အနုပညာကြောင့်သာမကပဲ သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ကောင်းစေတနာကောင်းကြောင့် လူသိများ ထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ မဟုတ်မခံစိတ်ရှိတဲ့ ယုန်လေးက အားနည်းသူ၊ ချို့တဲ့သူ၊ အကူအညီလိုအပ်သူတွေကို သူတတ်နိုင်သလောက် ကူညီဖို့ အမြဲစဉ်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးကအစားအသောက်ရောင်းနေတဲ့ ပရိသတ်တွေအတွက် အခကြေးငွေမယူပဲ တစ်ဖက်တစ်လမ်းက

ကူညီပြီးကြော်ငြာပေးမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “Covid ဖြစ်တယ် အကုန်အဆင်မပြေကြဘူး။ ပုံမှန်ဝင်ငွေမရှိတဲ့အချိန်မှာ ပုံမှန်ဝင်ငွေပြန်ရှိအောင် လူတိုင်းဖန်တီးရမှာပဲ။ တက်ကျိူးရင် လက်နဲ့ လှော်ရမှာပဲလေ။ ဗီဒီယိုလောက ပျက်စီးသွားထဲက အလုပ်လက်မဲ့များသွားလို့ Online မှာဈေးရောင်းတဲ့လူတွေ၊ စားသောက်ကုန် အနည်းငယ်လေးရောင်းတဲ့ လူတွေ အစထဲကရှိပါတယ်။ Covid ဖြစ်တော့ ပုံမှန်လည်ပတ်နိုင်အောင်၊ မကျွမ်းကျင်တဲ့ အလုပ်ကို အရဲစွန့်ပြီး စမ်းတဝါးဝါး လုပ်ကြတယ်။ ပရိသတ်တွေကချစ်ပြီး

မထင်ထားတဲ့ အရာတွေ ဖြစ်တော့ အလုပ်အဆင်ပြေရင် လူတိုင်းပျော်တယ်လေ။ တစ်ယောက်စကား တစ်ယောက်ပေါ့ အဲ့လိုလုပ်ရင်းနဲ့ အရမ်းများလာတာပါ။” “တစ်ချို့တွေကကျတော့ ပိုက်ဆံ အဆင်ပြေရဲ့သားနဲ့ ဘာလို့ရောင်းလဲဆိုတော့ လူပ်ရှားနေတဲ့ လူတွေ အချိန်ကြာကြာ Stay Home ဆိုတော့ မနေနိုင်ကျဘူးလေ။ ပျင်းလို့ရောင်းကြတာပါ။ တစ်ချို့တွေကျတော့လည်း တကယ်ကို အဆင်မပြေတာ ရောင်းမှဖြစ်မယ့် အနေထားတွေမို့လို့ပါ။ ကင်မရာရှေ့ မိုက်ကရိုဖုန်းရှေ့၊ ရူတင် Studio မှာပဲ ကြီးပြင်းချင်တဲ့လူတွေ အသားငါးဆေး၊ ဈေးဝယ်၊ ဟင်းချက်

ဘယ်သူက လုပ်ချင်မှာလဲ လုပ်တဲ့လူတွေကို စော်ကားတာမဟုတ်ပါဘူး။” “သူတို့တွေမှာ ဈေးသည်တွေ ထိခိုက်စေဆိုတဲ့ရည်ရွယ်ချက်လုံးဝ လုံးဝ မရှိပါဘူး။ အလုပ်မရှိတဲ့ လူတန်းစားတစ်ချို့တွေကိုပါ။ သူတို့ အလုပ်ပြန်ပေးလာနိုင်ပါတယ်။ တစ်ချို့ ထိခိုက်တဲ့ ဈေးရောင်းတဲ့ ညီအစ်ကို မောင်နှစ်မတွေ ထိခိုက်ကောင်းလည်း ထိခိုက်နိုင်ပါတယ်။ အဲ့ ညီအစ်ကိုမောင်နှစ်မတွေ အတွက် ကျွန်တော် ကူညီနိုင်တာကတော့ အိမ်ကို စားစရာ လုံးဝမပို့ပါနဲ့။ Fb ကနေ ဆိုင်နာမည် နဲ့ ဆက်သွယ်ရမယ့်

လိပ်စာ၊ ဈေးနှူန်း၊ အစားအသောက်ကို ဓာတ်ပုံလှလှလေး ရိုက်ပို့ပေးပါ။ ကျွန်တော် အခမဲ့ ကြေညာပေးပါမယ်။” “Fb မှာ အနုပညာရှင်တွေကြေညာပေးပြီ တင်ပေးရင် အနုပညာကြေးဆိုတာရှိပါတယ်။ ဒီ Covid မှာ နေ့တိုင်း စားစားပြနေတာက ကျွန်တော်လည်း အကုန် မစားနိုင်ပါဘူး။ ကိုယ်ရင်းနီးတဲ့လူတွေ အဆင်ပြေပါစေဆိုတဲ့ စိတ်လေးနဲ့ မေတ္တာနဲ့ တင်ပေးနေတာပါ။ အဲ့လိုပဲ အနုပညာရှင်တွေလည်း စိတ်ဓာတ်မသေးသိမ်ကျပါဘူး။” ဆိုပြီး ပြောထားပါတယ်။ ယုန်လေးကတော့ ဈေးရောင်းနေကြတဲ့ ပရိသတ်တွေအဆင်ပြေစေဖို့ ကူညီနိုင်မယ့်အကြောင်းကို မေတ္တာနဲ့ ပြောထားတာ ကျေနပ်စရာပါပဲနော်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *