ေမြးေန႔အမွတ္တရအေနနဲ႔ ေမွာ္ဘီၿမိဳ႕ ဆပ္သြားေတာေက်း႐ြာမွာ စားနပ္ရိကၡာေတြလႉဒါန္းခဲ့တဲ့ ခင္လႈိင္

ခင္လႈိင္ကေတာ့ ေမလ ၃၁ ရက္ေန႔မွာ ေမွာ္ဘီၿမိဳ႕၊ ဆပ္သြားေတာ ေက်း႐ြာမွာ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ ဒီအလႉဟာ ဧၿပီလ(၁၇) ရက္တုန္းက က်ေရာက္ခဲ့တဲ့ ေမြးေန႔ ကိုယ္စား ျပဳလုပ္တဲ့ အလႉျဖစ္တယ္လို႔ ေနရဲက ေျပာပါတယ္။ “အေဖ့ ေမြးေန႔ အမွတ္တရလႉဖို႔ရည္စူးထားတဲ့ ဆန္ေတြကို ေမွာ္ဘီ ၿမိဳ႕၊ ဆပ္သြားေတာ ေက်း႐ြာ မွာရွိတဲ့ ကြၽန္ေတာ္တို႔ ၿခံမွာ (၃၁)ရက္

တနဂၤေႏြေန႔ ၁၀နာရီ လႉဒါန္းေပးမွာ ျဖစ္ပါတယ္။ ႐ြာဦးေက်ာင္းက ဆရာေတာ္ ကိုလည္း လႉဖြယ္ ပစၥည္းမ်ား ကပ္လႉရင္းနဲ႔ ႐ြာအနီး ပတ္ဝန္းက်င္မွာရွိတဲ့သူမ်ားကို ၁.ဆန္ ၊ ၂.ၾကက္သြန္နီ၊ ၃.အာလူး၊ ၄.ပဲ ၊ ၅.အခ်ိဴမုန႔္ ၊ ၆. ေခါက္ဆြဲေျခာက္ ၊ ၇.Mask မ်ား လႉတန္းေပးသြားမွာပါ။ ႐ြာလူႀကီးမ်ားရဲ႕ ခြင့္ျပဳခ်က္နဲ႔ တစီ တတန္း ၆ေပအကြာမွ တန္းစီ ၿပီး စနစ္တက် လႉတန္းေပးသြားမွာ ျဖစ္ပါတယ္” ဆိုၿပီးေတာ့ ေမလ ၃၀ ရက္ေန႔ညက

ခင္လႈိင္ရဲ႕သားျဖစ္သူ ေနရဲ ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ခင္လႈိင္ဟာ Covid ကာလအတြင္းမွာ အလႉအတန္းေတြ မၾကာခဏ လုပ္ေလ့ရွိသူ တစ္ဦးပါ။ စားဝတ္ေနေရး အခက္အခဲႀကဳံေနရတဲ့ အႏုပညာေလာကသားေတြ အတြက္ကိုလည္း စားနပ္ရိကၡာအလႉေတြ ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာရင္ တကယ္ကို

လက္မေႏွးတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ သ႐ုပ္ေဆာင္ေနရဲ၊ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္တို႔ရဲ႕ ဖခင္ျဖစ္ပါတယ္။ အႏုပညာသက္တမ္းလည္း ႏွစ္ေပါင္း ၃၀ နီးပါး ရွိတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္သလို လူ႐ႊင္ေတာ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ခင္လႈိင္ဟာ ႐ုပ္ရွင္ဘက္မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္

ရပ္တည္လာရင္း အခုဆိုရင္ ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြေတာင္ရွိေနပါၿပီ။ သူဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႔ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလႉေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလႉေငြမ်ားေကာက္ခံကာ သြားေရာက္လႉ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

ခင်လှိုင်ကတော့ မေလ ၃၁ ရက်နေ့မှာ မှော်ဘီမြို့၊ ဆပ်သွားတော ကျေးရွာမှာ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒီအလှူဟာ ဧပြီလ(၁၇) ရက်တုန်းက ကျရောက်ခဲ့တဲ့ မွေးနေ့ ကိုယ်စား ပြုလုပ်တဲ့ အလှူဖြစ်တယ်လို့ နေရဲက ပြောပါတယ်။ “အဖေ့ မွေးနေ့ အမှတ်တရလှူဖို့ရည်စူးထားတဲ့ ဆန်တွေကို မှော်ဘီ မြို့၊ ဆပ်သွားတော ကျေးရွာ မှာရှိတဲ့ ကျွန်တော်တို့ ခြံမှာ (၃၁)ရက်

တနင်္ဂနွေနေ့ ၁၀နာရီ လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ ရွာဦးကျောင်းက ဆရာတော် ကိုလည်း လှူဖွယ် ပစ္စည်းများ ကပ်လှူရင်းနဲ့ ရွာအနီး ပတ်ဝန်းကျင်မှာရှိတဲ့သူများကို ၁.ဆန် ၊ ၂.ကြက်သွန်နီ၊ ၃.အာလူး၊ ၄.ပဲ ၊ ၅.အချိူမုန့် ၊ ၆. ခေါက်ဆွဲခြောက် ၊ ၇.Mask များ လှူတန်းပေးသွားမှာပါ။ ရွာလူကြီးများရဲ့ ခွင့်ပြုချက်နဲ့ တစီ တတန်း ၆ပေအကွာမှ တန်းစီ ပြီး စနစ်တကျ လှူတန်းပေးသွားမှာ ဖြစ်ပါတယ်” ဆိုပြီးတော့ မေလ ၃၀ ရက်နေ့ညက

ခင်လှိုင်ရဲ့သားဖြစ်သူ နေရဲ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ခင်လှိုင်ဟာ Covid ကာလအတွင်းမှာ အလှူအတန်းတွေ မကြာခဏ လုပ်လေ့ရှိသူ တစ်ဦးပါ။ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေ အတွက်ကိုလည်း စားနပ်ရိက္ခာအလှူတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် တကယ်ကို

လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်သလို လူရွှင်တော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ်

ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *