မင်္ဂလာသက်တမ်း(၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ ပိုးအိအိခန့်နဲ့ အောင်သူတို့ ဇနီးမောင်နှံ
Read in UNICODE
ဒီနေ့ မေလ (၃၁)ရက်နေ့လေးမှာတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ ပြည်သူချစ်သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်တို့ စုံတွဲရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မင်္ဂလာ သက်တမ်း (၂)နှစ်ပြည့်မြောက်တဲ့ နေ့လေး ဖြစ်ပြီး ပိုးအိအိခန့်ကတော့ နှစ်ပတ်လည်နေ့အတွက်
အခုလိုပဲဆုတောင်းစကားဆိုလာခဲ့ပါတယ်။ “ဒီနေ့ လို မေ (၃၁) လွန်ခဲ့တဲ့ (၂) နှစ်မှာ (၂) ယောက်လုံး ဘဝခရီးလမ်းကို အတူတူလျှောက်ဖို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချပြီး တရားရုံးရှေ့မှောက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးခဲ့တာ အခုဆို
သားလေးတစ်ယောက်တောင်ရပြီပေါ့လား။ Happy 2 Years Anniversary ပါနော်ယောကျာ်း။အခုထက်ပိုပြီး ပျော်ရွှင်သာယာတဲ့ဘဝကို နှစ်ယောက်အတူ ဖန်တီးပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ယောကျာ်းရေ။ အမြဲတမ်း မိန်းမစကားကို အလေးထားပြီးတန်ဖိုးထားပေးတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်ရှင်။ ဟိုတုန်းကထက်ပိုချစ်တယ်နော် ကလေးအဖေ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း အောင်သူနဲ့ ပိုးအိအိခန့် တို့ ဇနီးမောင်နှံအတွက် မင်္ဂလာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
Source : Poe Ei Ei Khant’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *