အဖေဖြစ်သူပြောခဲ့တဲ့ စကားတွေကို ပြန်လည်ကြားယောင်ရင်း သတိရနေတယ်ဆိုတဲ့ ဇာဏ်ခီ
Read in UNICODE
ဇာဏ်ခီကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇာဏ်ခီက သရုပ်ဆောင်ပညာကို နိုင်ငံရပ်ခြားကနေ သင်ယူထားပြီး ဇနီလေး ခရစ္စတီးနားခီနဲ့အတူတူ အနုပညာဖန်တီးမှုတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ဇာဏ်ခီက
ဒီကနေ့မှာတော့ ဖခင်ဖြစ်သူရဲ့ ဆုံးမစကားကို ပြန်လည်ကြားယောင်ရင်း ဖခင်ကြီးကို သတိရလွမ်းဆွတ်နေကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “နောက်ဆုံးတွေ့ဆုံခြင်း ဥပါယ်တံမျဉ် ရိုက်နေတဲ့ရက်တွေ.. “သား..မင်းကတိတစ်ခုပေးထားရင်
လုံးဝမဖျက်ရဘူး.. ထားပါတော့..သူငယ်ချင်းတစ်ယောက်ကိုလာမယ်လို့ကတိပေးထားရင်.. မုန်တိုင်းတစ်ခုရှိလာရင်လည်းရောက်အောင်သွားရမယ်။ ” ငယ်ငယ်ကကျနော့်ကို ကတိတည်ခြင်းနဲ့ပတ်သက်လို့ ခဏခဏပြောခဲ့တဲ့အရာ။ I miss you, Dad. ❤️ ”
ဆိုပြီး အမှတ်တရပြောထားတာပဲ ဖြစ်ပါတယ်။ ဇာဏ်ခီကတော့ ဖခင်ကြီးနဲ့ အတူတူရှိခဲ့တဲ့နေ့ရက်တွေကို ပြန်လည်သတိရနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Zen Kyi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *